တရားမဝင် နေထိုင်သူ မြန်မာ ၄၅ဝ တရုတ်ဘက်က ဖမ်းဆီးပြီးပြန်ပို့

တရုတ်နိုင်ငံက ဖမ်းဆီးထားတဲ့ တရား ဝင်နေထိုင်ခွင့် လက်မှတ်မရှိသူ မြန်မာနိုင် ငံသား ၄၅ဝ ကို မြန်မာ အာဏာပိုင်တွေဆီ အခုလအတွင်း ပြန်လည်လွှဲအပ်ပေးလိုက်တယ်လို့ သိရ ပါတယ်။

တရုတ်-မြန်မာနယ်စပ် ရွှေလီနဲ့ ကျယ်ဂေါင်မြို့တွေမှာ သွာရောက်အလုပ်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသား ရွှေ့ပြောင်း အလုပ်သမားတွေကို တွေ့ရစဉ် Photo:Kan Thar/RFA

တရုတ်နိုင်ငံက ဖမ်းဆီးထားတဲ့ တရားဝင်နေထိုင်ခွင့် လက်မှတ်မရှိသူ မြန်မာနိုင်ငံသား ၄၅ဝ ကို မြန်မာ အာဏာပိုင်တွေဆီ အခုလအတွင်း ပြန်လည်လွှဲအပ်ပေးလိုက်တယ်လို့ သိရပါတယ်။

တရုတ်မြန်မာနယ်စပ် ကျယ်ဂေါင်နဲ့ မူဆယ်မြို့ နယ်ခြားဂိတ်မှာ တရုတ်နိုင်ငံက ဖမ်းဆီးထားတဲ့ မြန်မာနိုင်ငံ သားတွေကို တရားဝင်နေထိုင်ခွင့် စာရွက်စာတမ်း မရှိတာကြောင့် ပြန်လွှဲပေးလိုက်တယ်လို့  မူဆယ် ရဲစခန်းမှူး က ပြောပြပါတယ်။

"ဒီလအတွင်း လွှဲတာ စုစုပေါင်း ၉ ကြိမ်ရှိပြီ၊ အဲ့ဒီ ၉ ကြိမ်မှာ ကျား - ၃၆၅ ယောက်၊ မ - ၈၄ ယောက် ပေါင်း ၄၄၉ ယောက်၊ အဓိကအားဖြင့်တော့ သူတို့က အလုပ်လုပ်ကိုင်ခွင့် လက်မှတ်မရှိဘူး ပြီးတော့ အလုပ်လုပ်ကိုင်ခွင့်လက်မှတ် သက်တမ်းကျော်တာတွေရယ်၊ အဓိကတော့ သူတို့က နေထိုင်ခွင့် သက်တမ်းကုန်ဆုံးတာပေါ့၊ သူတို့က တစ်နှစ်တစ်နှစ် နေထိုင်ခွင့် လုပ်ပေးတယ်လေ၊ အခုက နေထိုင်ခွင့် အလုပ်လုပ်ကိုင်ခွင့် လက်မှတ်လဲမရှိဘူး၊ နေထိုင်ခွင့် သက်တမ်းကလည်း ကုန်နေတော့ သူတို့က စိစစ်ပြီးတော့ မရှိဘူးဆိုသူတွေကို အဓိက ပြန်လွှတ်တာပဲ"

မနက်ဖြန် ဇူလိုင်လ ၂၅ ရက်နေ့မှာလည်း အလားတူ ဖမ်းဆီးထားတဲ့ မြန်မာနိုင်ငံသား ၃ဝ ကျော်လောက် ကို မြန်မာနိုင်ငံဘက် ပြန်လွှဲပေးဖို့ အစီအစဉ်ရှိတယ်လို့လည်း သိရပါတယ်။

တရုတ်နိုင်ငံဘက်မှာ မြန်မာနိုင်ငံသားတွေဟာ စက်ရုံ၊ ဆောက်လုပ်ရေး၊ အိမ်ဖော်လုပ်ငန်း၊ ဆိုင် အလုပ်သမား စသဖြင့် လုပ်ငန်းပေါင်းစုံမှာ လုပ်ကိုင်နေတဲ့သူတွေ အများအပြားရှိပါတယ်။ တရားဝင် နေထိုင်ခွင့် လက်မှတ်တွေ လုပ်ကိုင်ပြီးနေကြသူတွေရှိသလို လက်မှတ်အပြည့်အစုံမရှိပဲ လုပ်ကိုင်နေကြတဲ့သူတွေလည်း ရှိကြပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org