အခွန်ဝန်ထမ်းတွေကို ဆုကြေး ချီးမြင့်ဖို့ ပြင်ဆင်
ပြည်တွင်းအခွန်များဦးစီးဌာန၊ အခွန်ထမ်း ကြီးများဆိုင်ရာအခွန်ရုံးက ဝန်ထမ်းတွေကို လုပ်ငန်းစွမ်းဆောင်ရည်နဲ့ အဂတိလိုက်စား မှု ကင်းရှင်းတဲ့ အချက်တွေပေါ် မူတည်ပြီး ဆုကြေးငွေပေးဖို့ စီစဉ်နေပါတယ်။
-
2017-04-21 -
-
-
ပြည်တွင်းအခွန်များဦးစီးဌာန၊ အခွန်ထမ်းကြီးများဆိုင်ရာအခွန်ရုံးက ဝန်ထမ်းတွေကို လုပ်ငန်းစွမ်းဆောင်ရည်နဲ့ အဂတိလိုက်စားမှု ကင်းရှင်းတဲ့ အချက်တွေပေါ် မူတည်ပြီး ဆုကြေးငွေပေးဖို့ စီစဉ်နေပါတယ်။
မြန်မာနိုင်ငံအစိုးရအနေနဲ့ အခွန်တစ်ခုအပေါ်မှာ ရပ်တည်နိုင်အောင် အခွန်ဌာနက ဝန်ထမ်းတွေရဲ့ အဂတိ ကင်းရှင်းမှုက အဓိကအရေးကြီးဆုံးဖြစ်တယ်လို့ ပြည်တွင်းအခွန်များ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ် က ပြောပါတယ်။
"တစ်နိုင်ငံလုံးမှာရှိတဲ့ ဝန်ထမ်းတွေ ထောက်ပံ့နိုင်အောင် လစာတိုးပေးနိုင်အောင် နောက်တစ်ခု က နိုင်ငံတော်အတွက် လိုအပ်တဲ့နေရာတွေမှာပေါ့ ပညာရေး၊ ကျန်းမာရေး စသဖြင့် လိုအပ်တဲ့နေ ရာတွေမှာ သုံးစွဲနိုင်ဖို့ဆိုရင် ဝင်ငွေရဖို့ အဓိက အရေးကြီးပါတယ်။ နောက်တစ်ခုက ကျနော်တို့ ပြန်စဉ်း စားတဲ့အခါမှာ ဒီမိုကရေစီနိုင်ငံတွေမှာ တော်တော်များများသော အစိုးရတွေက စီးပွားရေးမလုပ်ဘူး။ အခွန် တခုပေါ်မှာပဲ ရပ်တည်တယ်။ အဲတော့ ကျနော်တို့ အစိုးရကလည်း အခွန်တစ်ခုပေါ်မှာ ရပ်တည်ဖို့ ကြိုး စားနေတယ်ပေါ့။ အဲလို အခွန်တစ်ခုပေါ်မှာ ရပ်တည်ဖို့ဆိုရင် အခွန်ဌာနက ဝန်ထမ်းတွေက အဓိကအရေး ကြီးဆုံးက အဂတိလိုက်စားမှု ကင်းရှင်းဖို့က အဓိက အရေးကြီးဆုံးပါပဲ။"
ဝန်ထမ်းတွေရဲ့ လုပ်ငန်းစွမ်းဆောင်ရည်ကို သတ်မှတ်ထားတဲ့ အချက်လက်တွေနဲ့ ကိုက်ညီမှု ရှိ မရှိကို ကြည့်မှာဖြစ် ပြီး လာဘ်ပေးလာဘ်ယူ ကင်းရှင်းမှု အခြေအနေတွေကိုလည်း နိုင်ငံတကာ အဖွဲ့အစည်းတွေရဲ့ အကူညီနဲ့ စောင့် ကြည့်မှာဖြစ်တယ်လို့ သိရပါတယ်။
ဝန်ထမ်းတွေကို စောင့်ကြည့်ပြီး ၃ လတစ်ကြိမ် ဆုကြေးပေးတဲ့ အစီစဉ်ကို အခွန်ထမ်းကြီးများဆိုင်ရာအခွန်ရုံးမှာ စတင်လုပ်ဆောင်တာဖြစ်ပြီး နောက်ပိုင်းမှာ အစိုးရဌာနတိုင်းက ဝန်ထမ်းတွေအတွက်ပါ ရည်ရွယ်တယ်လို့ ပြော ပါတယ်။
အဲဒီဝန်ထမ်းတွေကို ၃ လတစ်ကြိမ် ဆုကြေးငွေပေးဖို့အတွက် ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်ရဲ့ လျာထားချက်ထဲမှာ ထည့်သွင်းထားပြီးသားဖြစ်တယ်လို့ သိရပါတယ်။