မြန်မာ့ပို့ကုန် ပိတ်ပင်ထားမှု အမေရိကန်ရုပ်သိမ်းမည်
မြန်မာနိုင်ငံကနေ အမေရိကန်နိုင်ငံကို ကုန်ပစ္စည်းတင်သွင်းခွင့် ပိတ်ပင်ထားမှုတွေကို ရုပ်သိမ်းပေးဖို့ အမေရိကန်အစိုးရက ဆုံးဖြတ်လိုက်တာကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD က ကြိုဆိုလိုက်ပါတယ်။
-
2012-09-27 -
-
-
အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့မှာ ကျင်းပနေတဲ့ ၆၇ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံကို တက်ရောက်ဖို့ ရောက်ရှိနေတဲ့ သမ္မတ ဦးသိန်းစိန်နဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးတို့ မနေ့ညနေက ဦးသိန်းစိန် တည်းခိုနေတဲ့ New York မြို့ The Mark Hotel မှာ တစ်နာရီကြာ တွေ့ဆုံဆွေးနွေး အပြီးမှာ မြန်မာ့ပို့ကုန်တွေ ပိတ်ပင်ထားတာကို ဖယ်ရှားတော့မှာ ဖြစ်ကြောင်း မစ္စ ကလင်တန်က ပြောကြားလိုက်တာပါ။
မြန်မာအစိုးရ အနေနဲ့လည်း ပြောင်းလဲမှုတွေ ရှေ့ဆက် လုပ်ဆောင်သွားဖို့ လိုအပ်ကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက ပြောပါတယ်။
"ကျွန်တော်တို့မြင်တာကတော့ဗျာ။ အဲတာတွေကို ease လုပ်လိုက်တဲ့အခါမှာ Investment တွေဝင်လာတယ်။ Investment တွေ တကယ်ဝင်လာအောင် ဒီဘက်ကရော၊ အစိုးရကရော ကြိုဆိုတဲ့အနေနဲ့ ပြုပြင်မှုတွေလုပ်မလား။ အဲဒီလိုလုပ်တယ်ဆိုရင်တော့ ကောင်းတဲ့ လက္ခဏာပဲ။ ဒီလိုရုပ်သိမ်းလိုက်ခြင်းအားဖြင့် အဲဒါတွေပေါ်လာလိမ့်မယ်။ လေ့လာလို့ရတဲ့ အကဲခတ်လို့ရတဲ့ အခြေအနေတွေ ပေါ်လာလိမ့်မယ်။ အဲလိုပဲ ကျွန်တော်တော့ မြင်ပါတယ်"
ဒီလို ပိတ်ဆို့အရေးယူမှုတွေ လျှော့ချပေးတာကို အမေရိကန်အစိုးရဟာ အမေရိကန်လွှတ်တော်ရဲ့ သဘောတူညီချက်နဲ့ လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။
အမေရိကန် ပြည်ထောင်စုကို ရောက်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်က စီးပွားရေးပိတ်ဆို့မှုတွေကို ရုပ်သိမ်းပေးဖို့ အမေရိကန်လွှတ်တော်မှာ တောင်းဆိုအပြီး ရက်ပိုင်းအတွင်းမှာ အမေရိကန်အစိုးရက အခုလို တု့ံ့ပြန်လိုက်တာလည်း ဖြစ်ပါတယ်။
မြန်မာနိုင်ငံ ကုန်သည်ကြီးများနဲ့ စက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI ) ရဲ့ တွဲဖက် အတွင်းရေးမှူး ဦးအေးလွင်နဲ့ အာအက်ဖ်အေ ဝိုင်းတော်သား ဦးတင်အောင်ခိုင် ဆက်သွယ်မေးမြန်းချက်ကို နားဆင်နိုင်ပါတယ်။
ဆက်သွယ်မေးမြန်းချက်။ |
|
အသံဖိုင်ယူရန်။ |