ရုရှားက မြန်မာသင်္ဘောသား ရုပ်အလောင်းတွေ ပြန်ပို့
နစ်မြုပ်သွားတဲ့ ရုရှားငါးဖမ်းသင်္ဘော က မြန်မာသင်္ဘောသား ၁၆ ယောက်ရဲ့ ရုပ်အလောင်းကို ဗုဒ္ဒဟူးနေ့ညမှာ စခါလင်းမြို့ကနေ ရန်ကုန်ကို လေယာဉ်နဲ့ပို့လိုက်ပြီလို့ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ စခါလင်းမြို့ ကိုယ်စားလှယ် က ပြောလိုက်ပါတယ်။
-
2015-04-15 -
-
-
နစ်မြုပ်သွားတဲ့ ရုရှားငါးဖမ်းသင်္ဘောက မြန်မာသင်္ဘောသား ၁၆ ယောက်ရဲ့ ရုပ်အလောင်းကို ဗုဒ္ဒဟူးနေ့ညမှာ စခါလင်းမြို့ကနေ ရန်ကုန်ကို လေယဉ်နဲ့ပို့လိုက်ပြီလို့ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ စခါလင်းမြို့ ကိုယ်စားလှယ်က ပြောလိုက်ပါတယ်။
တောင်ကိုရီးယားစင်းလုံးငှားလေယာဉ်နဲ့ ပို့လိုက်တာဖြစ်ပြီး၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကို အခုမနက် ၇ နာရီကျော်မှာ ဆိုက်ရောက်မယ်လို့ သိရပါတယ်။
ပျောက်ဆုံးနေတဲ့ မြန်မာနိုင်ငံသား ၄ ဦးအကြောင်းကိုတော့ ခုထိဘာမှထပ်မသိရဘူးလို့ဆိုပါတယ်။
မြန်မာနိုင်ငံသား ၄၂ ယောက်ပါတဲ့ အဲဒီ့ရုရှားသင်္ဘောဟာ ဧပြီလ ၁ ရက်နေ့က ရုရှားနိုင်ငံအရှေ့ဘက်က ပင်လယ်ထဲမှာ နစ်မြုပ်ခဲ့တာဖြစ်ပါတယ်။
အသက်ရှင်ကျန်ရစ်တဲ့ မြန်မာ ၂၂ ယောက်အတွက် ရုရှားကုမ္ပဏီဘက်ကတစ်ဦးကို အမေရိကန် ဒေါ်လာ ၃ ထောင်စီနဲ့ညီမျှတဲ့ ရူဘယ်ငွေထောက်ပံ့မှာဖြစ်သလို၊ သေဆုံးသူနဲ့ ပျောက်ဆုံးသူတွေအတွက် အမေရိကန်ဒေါ်လာ ၁ သောင်းခွဲနဲ့ညီမျှတဲ့ ရူဘယ်ငွေထောက်ပံ့မှာဖြစ်ပြီး အခုဧပြီလအကုန်လောက်မှာ ရုရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံး ကနေတဆင့် ပေးအပ်သွားမယ်လို့ သံရုံးရဲ့ အင်တာနက်စာမျက်နှာမှာ ဖေါ်ပြထားပါတယ်။