မြိတ်မြို့က အမျိုးသမီးတစ်ဦး သုံးကြိမ်မြောက် ဖမ်းဆီးခံရ

တနင်္သာရီတိုင်း မြိတ်မြို့က မသဲပွင့်ဖြူ ဆိုတဲ့ အမျိုးသမီးတစ်ဦးကို ဇန်နဝါရီလ ၈ ရက်နေ့ ညပိုင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက တတိယအကြိမ် ထပ်မံဖမ်းဆီး ခဲ့တယ်လို့ မြို့ခံတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီတပ်က ဖမ်းဆီးသွားတဲ့ တနင်္သာရီတိုင်း မြိတ်မြို့က မသဲပွင့်ဖြူကို တွေ့ရစဥ် Photo - Thel Pwint Phyu Facebook
တနင်္သာရီတိုင်း မြိတ်မြို့က မသဲပွင့်ဖြူ ဆိုတဲ့ အမျိုးသမီးတစ်ဦးကို ဇန်နဝါရီလ ၈ ရက်နေ့ ညပိုင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက တတိယအကြိမ် ထပ်မံဖမ်းဆီးခဲ့တယ်လို့ မြို့ခံတစ်ဦးက ပြောပါတယ်။
 
သူဟာ ဒုတိယအကြိမ် ဖမ်းဆီးခံရပြီးနောက် လွတ်ငြိမ်းသက်သာခွင့်နဲ့ ပြန်လွတ်လာသူဖြစ်တယ်လို့ အဲဒီမြို့ခံက ပြောပါတယ်။
 
"သူက တတိယအကြိမ်ရှိပြီ ဖမ်းခံရတာ။ ပထမအကြိမ် ဆန္ဒပြပွဲတုန်းက ရာဘာကျည်နဲ့ ပစ်ပြီး အဖမ်း ခံရတယ်။ ပြီးတော့ စစ်သင်တန်း သွားတက်တယ်ဆိုပြီးတော့ ဒုတိယအကြိမ် ထပ်ဖမ်းတယ်။ ထောင် နှစ်နှစ်ချပြီး လွတ်ငြိမ်းနဲ့ ပြန်လွတ်လိုက်တယ်။ အခု ပြန်လွတ်ပြီး သိပ်မကြာဘူး တတိယအကြိမ် ထပ်ဖမ်းတာပေါ့"
 
မသဲပွင့်ဖြူဟာ မြိတ်မြို့အလယ်ကျွန်းမှာ နေထိုင်သူဖြစ်ပြီး ဇန်နဝါရီလ ၈ ရက်နေ့က သူငယ်ချင်းဖြစ်သူ မမီးညိုကိုပါ ဖမ်းဆီးသွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။
 
သူ့ကို ဘာကြောင့် ထပ်မံဖမ်းဆီးတယ်ဆိုတာကိုတော့ မသိရသေးပါဘူး။
 
မသဲပွင့်ဖြူဟာ ပြီးခဲ့နှစ် မတ်လ ၉ ရက်နေ့က ဆန္ဒပြပွဲတစ်ခုမှာ ရာဘာကျည်နဲ့ လည်ပင်းကို နှစ်ချက် ပစ်ခတ်ခံရပြီး ပထမဆုံးအကြိမ် အဖမ်းခံခဲ့ရတယ်လို့ သူနဲ့နီးစပ်သူတွေက ပြောပါတယ်။
 
လက်ရှိအချိန်အထိ မသဲပွင့်ဖြူနဲ့ သူ့သူငယ်ချင်းကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဘယ်နေရာကို ခေါ်ဆောင် သွားလဲဆိုတာ မသိရသေးဘူလို့လည်း ပြောပါတယ်။
2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org