မြန်မာ့စတော့ဈေးကွက် အောက် တိုဘာမှာ စမည်

မြန်မာနိုင်ငံရဲ့ ပထမဆုံး စတော့ဈေးကွက် ကို အောက်တိုဘာလမှာ စတင် ဖွင့်လှစ် မယ်လို့ ဘဏ္ဍာရေး ဒုတိယဝန်ကြီး ဦးမောင်မောင်သိန်းက ပြောဆိုကြောင်း ဘန်ကောက်ပို့စ် သတင်းက ဖေါ်ပြပါတယ်။

မြန်မာနိုင်ငံရဲ့ ပထမဆုံး စတော့ဈေးကွက်ကို အောက်တိုဘာလမှာ စတင် ဖွင့်လှစ်မယ်လို့ ဘဏ္ဍာရေး ဒုတိယဝန်ကြီး ဦးမောင်မောင်သိန်းက ပြောဆိုကြောင်း ဘန်ကောက်ပို့စ်သတင်းက ဖေါ်ပြပါတယ်။

အောက်တိုဘာမှာစဖို့ အသင့်ဖြစ်နေပြီး၊ နောက်နှစ်လ၊ သုံးလအတွင်း အစုရှယ်ယာ ကော်မရှင်က စတော့ကုမ္ပဏီတွေ ကိုလိုင်စင်တွေ ထုတ်ပေးတော့မယ်လို့လည်း ပြောပါတယ်။

အစောပိုင်းစာရင်းထဲမှာ သတ်မှတ်ချက်တွေနဲ့ ကိုက်ညီတဲ့ ကုမ္ပဏီ ၁၀ ခု လောက်ရှိတယ်လို့သိရပါတယ်။

မြန်မာနိုင်ငံမှာ ပထမဆုံး စတော့ဈေးကွက်ထူထောင်ဖို့အတွက် အစုရှယ်ယာ ဆိုင်ရာ ကော်မရှင်ကို ပြီးခဲ့တဲ့နှစ် သြဂုတ် လက ဖွဲ့စည်းခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org