မြန်မာကျောင်းသားတစ်ဦး မဲပေးခွင့်လည်း မရ၊ လေယာဉ်လက်မှတ်လည်း ဆုံး

အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမှာရှိတဲ့ မြန်မာသံရုံး မှာ ကြိုတင်မဲပေးဖို့ လေယာဉ် လက်မှတ်ဝယ်ပြီးကာမှ ကြို တင်ဆန္ဒမဲလက်မှတ်မပါတဲ့အတွက် လာရောက်မဲပေးနိုင်မှာ မဟုတ်တဲ့အကြောင်း သံရုံးက အကြောင်းကြားတဲ့ အတွက် လေယာဉ်လက်မှတ်ဖိုးဆုံးရှူံးရတယ်လို့ မြန် မာကျောင်းသား တစ်ယောက်က ပြောပါတယ်။

အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမှာရှိတဲ့ မြန်မာသံရုံးမှာ ကြိုတင်မဲပေးဖို့ လေယာဉ် လက်မှတ်ဝယ်ပြီးကာမှ ကြိုတင်ဆန္ဒမဲလက်မှတ်မပါတဲ့အတွက် လာရောက်မဲပေးနိုင်မှာ မဟုတ်တဲ့အကြောင်းသံရုံးက အကြောင်းကြားတဲ့ အတွက် လေယာဉ်လက်မှတ်ဖိုး ဆုံးရှူံးရတယ်လို့ မြန်မာကျောင်းသား တစ်ယောက်က ပြောပါတယ်။

ခုလာမယ့် စနေနဲ့ တနင်္ဂနွေနေ့မှာ မဲပေးရမှာဖြစ်ပြီး လေယာဉ်လက်မှတ်မဝယ်ခင် သံရုံးကို တယ်လီဖုန်းနဲ့ လှမ်းမေးသေးလို့ Wisconsin ပြည်နယ်ရောက်မြန် မာ ကျောင်းသားတစ်ယောက်က ပြောပါတယ်။

"စက်တင်ဘာလလယ်လောက်က အောက်တိုဘာ ၁၅ ကို အမှီတင်လိုက်တယ်၊ အောက်တိုဘာလ ၆ ရက်နေ့ကမေးသေးတယ်၊ ကျနော်လေယာဉ်လက်မှတ် ဝယ်မယ်၊ မဲလာပေးမယ်ဆိုတော့၊ ဟုတ်ကဲ့ရပါတယ် တဲ့၊ အောက်တိုဘာ ၁၄ ရက်နေ့ မနက် ၁၀ နာရီနီးပါးလောက်ကျတော့ ကျနော့်ဆီ email တစ်စောင်ဝင် လာတယ်၊ ကျနော့် နာမည်တော့ပါတယ်၊ ဒါပေမယ့် ကြိုတင်မဲဆန္ဒစာရွက်ပါမလာဘူးလို့ပြောတယ်၊ ကျနော် မနက်က ဖုန်းထပ်ဆက်တယ်၊ ဘယ်သူမှဖုန်းမကိုင်ဘူး၊ ထပ်ဆက်တော့မှ ကိုင်တယ်၊ တောင်းတောင်း ပန်ပန်နဲ့တော့ ပြောပါတယ်၊ ပုစွန်တောင်မဲဆန္ဒနယ်ဘက်က ပါမလာပုံရတယ်လို့ပြောတယ်၊ တာမွေလည်း မပါလာဘူး"

သံရုံးက အကြောင်းကြားစာမှာ မြန်မာသံရုံးဟာ နိုင်ငံခြားရေးဝန်ကြီးဌာနက တဆင့် ကြိုတင် ဆန္ဒမဲပေးခွင့်တောင်း ခံတဲ့ ပုံစံ ၁၅ ကို ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင် ကို ဆက်လက် တင်ပြပေမဲ့ ပြန်ပို့ချိန်မှာ နာမည်ပါပေမဲ့ ကြိုတင်ဆန္ဒမဲလက်မှတ်ပါမလာ တဲ့အကြောင်းနဲ့ သက်ဆိုင်ရာ ရွေးကောက်ပွဲ ကော်မရှင် ခွဲတွေကို တိုက်ရိုက် ဆက်သွယ် မေးမြန်းနိုင်တဲ့ အကြောင်းပါရှိပါတယ်။

မြန်မာသံရုံး အင်တာနက်စာမျက်နှာမှာ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူစာရင်းကို အောက်တိုဘာ ၁၄ ရက်နေ့ရက်စွဲနဲ့ ထုတ်ပြန်ထားပါတယ်။

ဝါရှင်တန်ဒီစီမှာ ရှိတဲ့ သံရုံးမှာ မဲပေးပိုင်ခွင့်ရှိသူ ၁၃၁ ဦးရဲ့ အမည်စာရင်းတွေ ဖော်ပြထားပါတယ်။ ဒီထဲ မြန်မာသံ အမတ်၊ မြန်မာစစ်သံမှူးနဲ့ ဝန်ထမ်းတွေနာမည်၊ နိုင်ငံခြားရေးဝန်ကြီးဌာန အတွင်းဝန်ရဲ့သမီး၊ သူရ ဦးတင်မောင်အေးရဲ့ သမီး၊ ရုပ်ရှင်မင်းသမီး စံရှားတင်ရဲ့သား၊ ဗိုလ်ချုပ်နေဝင်းရဲ့သားမက် ဦးအေးဇော်ဝင်း ရဲ့တူ စသူတွေရဲ့ နာမည်တွေ ပါဝင်တာတွေ့ရပါတယ်။

ဝါရှင်တန်ဒီစီ မြန်မာသံရုံးကို ပုစွန်တောင်နဲ့ ကြည့်မြင်တိုင်လို မြို့နယ်တွေက စာရင်းနဲ့ လက်မှတ်တွေ ရောက် မလာတဲ့အတွက် အဲဒီလိုမြို့နယ်မှာနေထိုင်တဲ့ သံရုံးဝန်ထမ်း တွေလည်း မဲမပေးနိုင်တာမျိုး ရှိတယ်လို့လည်း သံရုံးကို ဆက်သွယ်မေးမြန်းသူတွေက ပြောပါတယ်။ ဝါရှင်တန်ဒီစီ သံရုံး၊ နယူးယောက်နဲ့ ကယ်လီဖိုးနီးယား ပြည် နယ် လော့အိန်ဂျလိစ်က မြန်မာကောင်စစ်ဝန်ရုံး သုံးနေရာမှာ ကြိုတင်မဲပေးရမှာဖြစ်ပြီး ကောင်စစ်ဝန်ရုံး အင်တာ နက် စာမျက်နှာတွေမှာ မဲဆန္ဒရှင်စာရင်း ဖော်ပြထားတာ မတွေ့ရပါဘူး။

ရွေးကောက်ပွဲကော်မရှင်က ကောင်စစ်ဝန် ရုံးပို့တဲ့ အထုပ် သံရုံးကို ရောက်လာတာ လည်း ရှိတယ်လို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org