ဟောင်ကောင် ဒီမိုကရေစီရေးနဲ့ တသားတည်းရှိကြောင်း လှုပ်ရှားမှုပြုလုပ်

ဟောင်ကောင်က ကျောင်းသားပြည်သူတွေ ရဲ့ ဒီမိုကရေစီအရေးလှုပ်ရှားမှုကို အားပေးထောက်ခံတဲ့ လှုပ်ရှားမှုတစ်ခုကို ကျောင်းသား ၊ ကျောင်းသူအယောက် ၅၀ လောက်က ဒီကနေ့ညနေမှာ ရန်ကုန်မြို့လယ် မဟာဗန္ဓုလပန်းခြံထဲမှာ ပြုလုပ်ခဲ့ကြ ပါတယ်။

ဟောင်ကောင် ကျောင်းသားပြည်သူတွေရဲ့ ဒီမိုကရေစီအရေးလှုပ်ရှားမှုကို အားပေးထောက်ခံတဲ့ လှုပ်ရှားမှုတစ်ခုကို အောက်တိုဘာလ ၄ ရက်နေ့က ရန်ကုန်မြို့လယ် မဟာဗန္ဓုလပန်းခြံထဲမှာ ကျောင်းသား ၅၀ လောက်ကပြုလုပ်စဉ် Photo: ABFSU

ဟောင်ကောင်က ကျောင်းသားပြည်သူတွေရဲ့ ဒီမိုကရေစီအရေးလှုပ်ရှားမှုကို အားပေးထောက်ခံတဲ့ လှုပ်ရှားမှုတစ်ခုကို ကျောင်းသား၊ ကျောင်းသူအယောက် ၅၀ လောက်က ဒီကနေ့ညနေမှာ ရန်ကုန်မြို့လယ် မဟာဗန္ဓုလပန်းခြံထဲမှာ ပြုလုပ်ခဲ့ကြပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ လှုပ်ရှားမှုမှာပါဝင်တဲ့ ကျောင်းသူ မပိုပိုက RFA ကို အခုလိုပြောပါတယ်။

"ဟောင်ကောင် ကျောင်းသားတွေရဲ့ ဆန္ဒပြမှုကို ကျမတို့ကလည်း သူတို့နဲ့ တသားတည်းရှိတယ် ဆိုတဲ့ ပုံစံကိုပြတာပါရှင့်၊ ကျမတို့ ပညာရေးဥပဒေကို လည်း လက်မခံဘူးဆိုတာကိုလည်းပြတယ်၊ ပြီးတော့ မဖြူနှင်းထွေးကိစ္စကိုလည်း ဆိုင်းပုဒ်လေးတွေကိုင်ပြီး ဆန္ဒပြတယ်ရှင့်"

အဲဒီလှုပ်ရှားမှုမှာ တကသနဲ့ ဗကသများအဖွဲ့ချုပ် က ကျောင်းသားတွေလဲ ပါဝင်ပြီး၊ လွတ်လပ်ခွင့် ကိုတောင်းနေတဲ့ ဟောင်ကောင်ကျောင်းသားတွေနဲ့ တသားတည်းရှိတဲ့အကြောင်းတွေ ရေးသားထားတဲ့ ပိုစတာတွေကို ကိုင်ဆောင်ထားကြပါတယ်။

၁၀ ရက်ကျော်ကြာလာပြီဖြစ်တဲ့ ဟောင်ကောင်ကျောင်းသားနဲ့ပြည်သူတွေရဲ့ ဒီမိုကရေစီရေးလှုပ်ရှားမှုအပေါ် မြန်မာ့ ဒီမိုကရေစီရေး လှုပ်ရှားနေတဲ့ နိုင်ငံရေးခေါင်းဆောင်တွေနဲ့ကျောင်းသားခေါင်းဆောင်တွေရဲ့ အမြင်နဲ့ သဘော ထားတွေကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် စုစည်းတင်ပြထားတာ နားဆင်နိုင်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org