ယူကရိန်းနိုင်ငံက သံချပ်ကာ ကား မြန်မာပြည်တွင်းမှာ တပ်ဆင်ထုတ်လုပ်

ယူကရိန်းနိုင်ငံက ထုတ်လုပ်တဲ့ ကမ္ဘာကျော် BTR-3U အမျိုးအစား သံချပ်ကာကားတွေ ကို မြန်မာနိုင်ငံမှာ အခုအခါ တပ်ဆင်ထုတ်လုပ်နေပြီလို့ နိုင်ငံတကာ ကာကွယ်ရေးကဏ္ဍ သတင်းတွေတင်ပြတဲ့ Army Recognition အင်တာနက်စာမျက်နှာက ရေး သားဖေါ်ပြထားပါတယ်။

BTR-3U အမျိုးအစား သံချပ်ကာကားများပုံ Photo: mmmilitary.blogspot.com

ယူကရိန်းနိုင်ငံက ထုတ်လုပ်တဲ့ ကမ္ဘာကျော် BTR-3U  အမျိုးအစား သံချပ်ကာကားတွေကို မြန်မာနိုင်ငံမှာ အခုအခါ တပ်ဆင်ထုတ်လုပ်နေပြီလို့ နိုင်ငံတကာ ကာကွယ်ရေးကဏ္ဍ သတင်းတွေတင်ပြတဲ့  Army Recognition အင်တာနက်စာမျက်နှာက ရေးသားဖေါ်ပြ ထားပါတယ်။

အဲဒီ သံချပ်ကာကားတွေဟာ  တပ်စိတ်တစ် စိတ်လောက်ကို တစ်နေရာကတစ်နေရာ လုံလုံခြုံခြုံ သယ်ဆောင်သွားနိုင်တဲ့  ခြေလျင်တင်တိုက်ခိုက်ရေး ယာဉ် အမျိုးအစားဖြစ်ပြီး  စက်ကလေးသေနတ်တွေ တပ်ဆင်ထားပါတယ်။

မြန်မာ့တပ်မတော်က ပြီးခဲ့တဲ့ ၁၀ နှစ်ကာလမှာ အဲဒီ BTR-3U သံချပ်ကာကားမျိုး ၁၀ စီးကို ဝယ်ယူ အသုံးပြုခဲ့ပြီး၊  အခုနောက်ပိုင်းမှာ ပြည်ပက အစိတ်အပိုင်းတွေမှာယူပြီး ပြည်တွင်းမှာတင် တပ်ဆင်ထုတ်လုပ် လာတာ ဖြစ်ပါတယ်။

တပ်မတော်အနေနဲ့   စက်သေနတ်ကြီးတွေ ဒုံးကျည်လက်နက်တွေ တပ်ဆင်ထားတဲ့ MAV အမျိုးအစား သံချပ်ကာယာဉ်အမျိုးမျိုးကိုလည်း  ကာကွယ်ရေးဝန်ကြီးဌာနပိုင်စက်ရုံတွေမှာ ထုတ်လုပ်နေတယ်လို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org