မြန်မာ-ထိုင်းနှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဖို့ သဘောတူ
မြန်မာနဲ့ ထိုင်း နှစ်နိုင်ငံတို့ မူးယစ်မှောင်ခိုမှုတွေ၊ ဒုက္ခသည်တွေ နေရပ်ပြန်ရေးနဲ့ တရားမဝင် ငါးဖမ်းခြင်းတွေ အပါအဝင် အပြည်ပြည်ဆိုင်ရာ အရေးကိစ္စရပ်တွေမှာ ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်ဖို့ မနေ့က သဘောတူညီလိုက်ကြပါတယ်။
-
2019-09-04 -

ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ကျင်းပတဲ့ ၇ ကြိမ်မြောက် ထိုင်း-မြန်မာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးမှာ သဘောတူညီခဲ့ကြတာပါ။
ဒီအစည်းအဝေးကို နှစ်စဉ် ထိုင်းနဲ့ မြန်မာ နှစ်နိုင်ငံမှာ အလှည့်ကျ ကျင်းပနေတာပါ။ ဒီနှစ်အစည်းအဝေးကို ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ် Pornpipat Benyasri နဲ့ မြန်မာကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့က ပူးတွဲသဘာပတိအဖြစ် ဦးစီးကျင်းပတာဖြစ်ပါတယ်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ အစောပိုင်းကလည်း ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာနဲ့ တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံ နယ်နိမိတ်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေ၊ နယ်စပ်မှာနေထိုင်သူတွေရဲ့ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးတွေအတွက် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ကြဖို့၊ ပညာရေးနဲ့ စစ်ရေးလေ့ကျင့်မှုတို့လို အခြားကိစ္စရပ်တွေမှာလည်း ပူးပေါင်းဆောင်ရွက်မှုတွေ တိုးချဲ့ဖို့ သဘောတူညီခဲ့ပါတယ်။