မြန်မာကျပ်ငွေတန်ဖိုးကျ၊ သီးနှံဈေးကျဆင်းမှုကြောင့် ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေး ထိခိုက်
မြဝတီ-မဲဆောက်မှာရှိတဲ့ ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေးဟာ မနှစ်က ၁၀ ရာခိုင်နှုန်းကျော် ကျဆင်းသွားခဲ့တယ်လို့ တပ်ခရိုင်ကုန်သည်ကြီးများအသင်းရဲ့ အကြံပေးအရာရှိချုပ် မစ္စတာ ဆူချာ့ Suchart က ပြောကြားလိုက်ပါတယ်။
-
2018-01-03 -
-
-
မြဝတီ-မဲဆောက် နယ်စပ်ဂိတ်ကို မြန်မာဘက်ကနေတွေ့ရစဉ်
မြဝတီ-မဲဆောက်မှာရှိတဲ့ ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေးဟာ မနှစ်က ၁၀ ရာခိုင်နှုန်းကျော် ကျဆင်းသွားခဲ့တယ် လို့ တပ်ခရိုင်ကုန်သည်ကြီးများအသင်းရဲ့ အကြံပေးအရာရှိချုပ် မစ္စတာ ဆူချာ့ Suchart က ပြောကြားလိုက်ပါတယ်။
ကုန်သွယ်ရေး ကျဆင်းသွားခဲ့ရတာဟာ မြန်မာဘက်က သီးနှံဈေးနှုန်းကျဆင်းမှု၊ မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းသွားမှုတွေကြောင့်လို့ သူက ပြောပါတယ်။
မြန်မာနိုင်ငံစီးပွားရေးဟာ လယ်ယာထွက်ကုန်ပေါ်မှာ မှီတည်နေရပြီး၊ သီးနှံဈေးနှုန်းတွေ ကျဆင်းနေသလို မြန်မာတွေရဲ့ ဝယ်လိုအားလည်း ကျဆင်းနေတယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံတွင်းမှာ သီးနှံဈေးနှုန်းတွေ ဘာကြောင့် ကျဆင်းနေရသလဲဆိုတာ မစ္စတာ ဆူချာ့က တိတိကျကျ ထုတ်ဖော်ပြောဆိုခြင်း မရှိပေမယ့်၊ စီမံခန့်ခွဲရေး ချွတ်ချော်ညံ့ဖျင်းမှုတွေကြောင့် ဖြစ်နိုင်တယ်လို့ အကဲခတ်တွေက ပြောပါတယ်။