အင်တာနက်သုံးစွဲခွင့် အနိမ့်ကျဆုံးနိုင်ငံထဲမှာ မြန်မာပါဝင်

အင်တာနက်ကို လွတ်လွတ်လပ်လပ် သုံးစွဲခွင့်မရှိတဲ့အပြင် အင်တာနက်သုံးစွဲလို့ အဖမ်းခံရတာ ရိုက်နှက်ခံရတာတွေ ရှိလာနေတဲ့ နိုင်ငံတွေထဲမှာ မြန်မာနဲ့ ဘီလာရုစ် နိုင်ငံတွေက အဆိုးဆုံး အခြေအနေမှာ ရှိနေတယ်လို့ Freedom House လို့ခေါ်တဲ့ ဝါရှင်တန်ဒီစီအခြေစိုက် ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး မြှင့်တင်တဲ့ အဖွဲ့ရဲ့ နှစ်ပတ်လည် အစီရင်ခံစာမှာ ဖော်ပြထားတဲ့ အကြောင်း AFP သတင်းက ဒီကနေ့ ရေးပါတယ်။

မိုဘိုင်းလ်ဖုန်းဖြင့် ဖေ့စ်ဘွတ်လူမှုကွန်ရက် သုံးစွဲနေသူတစ်ဦး။ Photo: AFP

အင်တာနက်ကို လွတ်လွတ်လပ်လပ် သုံးစွဲခွင့်မရှိတဲ့အပြင် အင်တာနက်သုံးစွဲလို့ အဖမ်းခံရ၊ ရိုက်နှက်ခံရတာတွေ ရှိလာနေတဲ့ နိုင်ငံတွေထဲမှာ မြန်မာနဲ့ ဘယ်လာရုစ် နိုင်ငံတွေက အဆိုးဆုံး အခြေအနေမှာ ရှိနေတယ်လို့ Freedom House လို့ခေါ်တဲ့ ဝါရှင်တန်ဒီစီအခြေစိုက် ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး မြှင့်တင်တဲ့ အဖွဲ့ရဲ့ နှစ်ပတ်လည် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

Freedom House အဖွဲ့ရဲ့ ၁၁ နှစ်တာကာလအတွင်း နိုင်ငံ ၄၁ ခုကို စောင့်ကြည့်လေ့လာမှုတွေအရ ဒီနှစ်ဟာ အင်တာနက်သုံးစွဲသူတွေ တိုက်ခိုက်ခံရတဲ့နှုန်းက စံချိန်တင်အောင် မြင့်တက်လာခဲ့တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာဆိုရင် စစ်တပ်က အာဏာသိမ်းလိုက်တဲ့ ဖေဖော်ဝါရီလကစပြီး အင်တာနက် ဖြတ်တောက် မှုတွေ၊ လူမှုကွန်ရက်သုံးစွဲတာတွေကို ပိတ်ဆို့မှုတွေ၊ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကို နည်းပညာ ကုမ္ပဏီတွေဆီကနေ ပေးအောင် အတင်းအဓမ္မတောင်းဆိုမှုတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။

အခုလောလောဆယ် မှာလည်း မြန်မာနိုင်ငံအလည်ပိုင်းနဲ့ ကချင်ပြည်နယ်က မြို့နယ် ၁၀ ခုဟာ စစ်ကောင်စီရဲ့ အင်တာနက် ဖြတ်တောက်မှုကို ခံနေရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org