တရုတ်နိုင်ငံ ကူမင်းမှာ မြန်မာကုန်သွယ်ရေးစင်တာဖွင့်

တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးတွေ ပြတ်တောက်နေချိန်မှာပဲ စစ်ကောင်စီက တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ် ကူမင်းမြို့မှာ မြန်မာကုန်သွယ်ရေးစင်တာတစ်ခု ဖွင့်လိုက်ပါတယ်။

မြန်မာကုန်သွယ်ရေးစင်တာကို တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့တွင် ၂၀၂၄ ခုနှစ် မတ်လ ၃၁ ရက်နေ့က ဖွင့်လှစ်ခဲ့သည်ကို တွေ့ရစဉ်။ Myanmar Military

တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးတွေ ပြတ်တောက်နေချိန်မှာပဲ စစ်ကောင်စီက တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ် ကူမင်းမြို့မှာ မြန်မာကုန်သွယ်ရေးစင်တာတစ်ခု ဖွင့်လိုက်ပါတယ်။

အဲဒီ မြန်မာကုန်သွယ်ရေးစင်တာ(ကူမင်း)ကို မတ်လ ၃၁ ရက်နေ့မှာ ဖွင့်လိုက်တာလို့ စစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာန ဧပြီလ ၁ ရက် မနေ့က ထုတ်ပြန်ပါတယ်။

ဒီကုန်သွယ်ရေးစင်တာကို မြန်မာဘက်က AJ Myanmar Co., Ltd နဲ့ တရုတ်ဘက်က Kunming Aosidi International Trade Co., Ltd တို့ ပူးပေါင်းဖွင့်လှစ်ခဲ့တာလို့ ဆိုပါတယ်။

မြန်မာကုန်သွယ်ရေးစင်တာ(ကူမင်း)ကနေ တရုတ်-မြန်မာ နှစ်နိုင်ငံကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ လုပ်ငန်းတွေကိုလုပ်မယ့်အပြင် မြန်မာဘက်က ပို့ကုန်တင်ပို့မှုတိုးတက်ရေးတွေလည်း လုပ်ဖို့ရှိတယ်လို့ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာန ဘက်ကပြောထားပါတယ်။

တစ်ချိန်တည်းမှာပဲ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်နဲ့ အာရှရေးရာ တရုတ်အထူးကိုယ်စားလှယ် မစ္စတာ တိန့်ရှီးကျွင်း တို့ ဧပြီလ ၁ ရက် မနေ့က နေပြည်တော်မှာတွေ့ဆုံခဲ့ပြီး နယ်စပ်ကုန်သွယ်ရေးကိစ္စတွေကို ဆွေးနွေးခဲ့ပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တိုက်ပွဲတွေရပ်တန့်သွားပေမယ့် တရုတ်-မြန်မာနယ်စပ် ယူနန်ပြည်ကို အဓိကကုန်သွယ်ရေးလမ်းကြောင်းဖြစ်တဲ့ မူဆယ်နဲ့ ချင်းရွှေဟော် နယ် စပ်ကုန်သွယ်ရေးလမ်း ကြောင်းပြတ်တောက်နေတာ ငါးလကျော်ရှိနေပါပြီ။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org