ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ မြန်မာ့အရေးဆွေးနွေး

ရခိုင်ပြည်နယ်မှာ လတ်တလောဖြစ်ပွားနေတဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂရုံးချုပ်မှာ သြဂုတ်လ ၃ဝ ရက်နေ့ မနေ့ကပြုလုပ်တဲ့ လုံခြုံရေးကောင်စီ တခါးပိတ်အစည်းအဝေးမှာ ဆွေးနွေးခဲ့ကြတယ်။

၂ဝ၁၇ သြဂုတ်လ ၃ဝ ရက်နေ့က ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အစည်းအဝေးပြုလုပ်စဉ်။ (UN Photo/Manuel Elias)

ရခိုင်ပြည်နယ်မှာ လတ်တလောဖြစ်ပွားနေတဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂရုံးချုပ်မှာ သြဂုတ်လ ၃ဝ ရက်နေ့ မနေ့ကပြုလုပ်တဲ့ လုံခြုံရေးကောင်စီ တခါးပိတ်အစည်းအဝေးမှာ ဆွေးနွေးခဲ့ကြတယ်။

ဒီအစည်းအဝေးကနေ တစ်စုံတရာ ဆုံးဖြတ်ချက်ချမှတ်တာ မရှိပေမယ့်၊ အဖွဲ့ဝင်နိုင်ငံအားလုံးက လက်ရှိ အခြေအနေအပေါ် စိုးရိမ်ကြောင်း ပြောကြားခဲ့ကြတယ်လို့ ကုလသမဂ္ဂဆိုင်ရာ ဗြိတိန်သံအမတ်ကြီး Matthew Rycroft က သတင်းထောက်တွေကို ပြောပါတယ်။

မြန်မာနိုင်ငံက အခြေအနေတွေနဲ့ ပတ်သက်လို့ စိုးရိမ်မှုတွေ အများကြီးရှိကြောင်း၊ အကြမ်းဖက်တိုက်ခိုက်မှုတွေကို လုံခြုံရေးကောင်စီ အဖွဲ့ဝင်အားလုံးက ရှုတ်ချကြောင်း၊ အခြေအနေတွေ ပိုဆိုးမသွားဖို့ သက်ဆိုင်သူအားလုံးကို တောင်းဆိုတဲ့အကြောင်း ဗြိတိန်သံအမတ်ကြီးက ပြောပါတယ်။

ဒ့ါပြင် မြန်မာအစိုးရအနေနဲ့ ကိုဖီအာနန်ဦးဆောင်တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ ကော်မရှင်ရဲ့ အကြံပြုချက်တွေကို အကောင်အထည်ဖော်ဖို့ လိုအပ်ကြောင်း လုံခြုံရေးကောင်စီ အဖွဲ့ဝင်အားလုံးက ပြောဆိုခဲ့ကြတယ်လို့ ဗြိတိန် သံအမတ်ကြီးက ပြောပါတယ်။

မိမိတို့ အတော်များများဟာ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံကြတဲ့ မဟာမိတ်တွေဖြစ်ပြီး၊ ဒေါ်အောင်ဆန်း စုကြည်ရဲ့ ဆောင်ရွက်ချက်တွေကို အဝေးကနေ တလေးတစားနဲ့ စောင့်ကြည့်နေသူတွေ ဖြစ်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ လက်ရှိပဋိပက္ခတွေ လျော့ကျသွားစေမယ့် နည်းလမ်းတွေရှာဖွေပြီး ကိုင်တွယ်ဖြေ ရှင်းနိုင်မယ်လို့ မျှော်လင့်ကြောင်းလည်း ဗြိတိန်သံအမတ်ကြီးက ပြောဆိုသွားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org