မြန်မာ့တပ်မတော်နဲ့ ဆက်ဆံရေး တိုးချဲ့လိုကြောင်း အမေရိကန် ဗိုလ်ချုပ်ကြီး ပြောကြား

အမေရိကန်တပ်မတော်ရဲ့ ပစိဖိတ်ဒေသစစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး Vincent Brooks က ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာ ဒေါ်အောင် ဆန်းစုကြည် ဦးဆောင်တဲ့ NLD က ပြတ်ပြတ်သားသား အနိုင်ရခဲ့တဲ့အတွက် မိမိတို့အနေနဲ့ မြန်မာ့တပ်မတော်နဲ့ ပိုမိုချစ်ကြည်ရင်းနှီးစွာဆက်ဆံဖို့ စိတ်အားထက် သန်နေကြောင်း မနေ့က ပြောကြားလိုက်ပါတယ်။

နေပြည်တော်မှာကျင်းပတဲ့ ၆၇ နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားမှာ ချီတက်အလေးပြုတဲ့ တပ်မတော်သားတွေကို တွေ့ရစဉ်

အမေရိကန်တပ်မတော်ရဲ့ ပစိဖိတ်ဒေသစစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး Vincent Brooks က ပြီးခဲ့တဲ့ရွေးကောက်ပွဲ မှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD က ပြတ်ပြတ်သားသား အနိုင်ရခဲ့တဲ့အတွက် မိမိတို့အနေနဲ့ မြန်မာ့ တပ်မတော်နဲ့ ပိုမိုချစ်ကြည်ရင်းနှီးစွာဆက်ဆံဖို့ စိတ်အားထက်သန်နေကြောင်း မနေ့က ပြောကြားလိုက်ပါတယ်။

မြန်မာ့တပ်မတော်နဲ့ ဆက်ဆံရေးတိုးချဲ့ဖို့ အဆင်သင့်ဖြစ်နေပါပြီ၊ ဒါပေမဲ့ အမေရိကန်အစိုးရက မူဝါဒလမ်းညွှန် ချက်တွေ အတည်ပြုတာကိုတော့ စောင့်ဆိုင်းရဦးမှာဖြစ်တယ်၊ တခြားအာဆီယံနိုင်ငံတွေက တပ်မတော်အကြီး အကဲတွေကလည်း မြန်မာ့တပ်မတော်နဲ့ အမေရိကန်တပ်မတော်အကြား ဆက်ဆံရေးတိုးချဲ့ဖို့ လိုလားနေကြပါတယ် လို့ အမေရိကန် ကြယ်လေးပွင့်ဗိုလ်ချုပ်ကြီး Brooks က ဝါရှင်တန်က တွေ့ဆုံပွဲတစ်ခုမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် မြန်မာပြည်က စစ်တက္ကသိုလ်တစ်ခုမှာ အမေရိကန်ဗိုလ်ချုပ်ကြီးတစ်ဦး စကားပြောခွင့်ရခဲ့တာကို သူက ရည်ညွန်းရင်း ဆက်ဆံရေးတိုးချဲ့ဖို့အတွက် မိမိကိုယ်တိုင်ပါဝင်လုပ်ဆောင်လိုတယ်လို့ ပြောပါတယ်။

တဆက်တည်းမှာပဲ မြန်မာတပ်မတော်နဲ့ ဆက်ဆံရေးတိုးချဲ့ခြင်းအားဖြင့် အမေရိကန်တပ်မတော်ရဲ့ အရည် အသွေးမြင့်မားမှုတွေ၊ အရပ်သားအစိုးရအပေါ် ပံပိုးကူညီပေးနိုင်ပုံတွေကို လက်ဆင့်ကမ်း ဖြန့်ချိပေးနိုင်မယ့် အခွင့်အရေးတစ်ခုကို မိမိတို့ ရရှိမှာဖြစ်တယ်လို့လည်း သူကပြောဆိုခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org