ဖိအားကြောင့် မြန်မာနဲ့ တရုတ် ပိုနီးကပ်သွားဟု ဦးဝင်းထိန်ပြော


2017.11.15
winhtein-622 ရန်ကုန်မြို့ NLD ရုံးချုပ်မှာ စက်တင်ဘာလ ၂၃ ရက်နေ့က NLD ပါတီ အတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန် ကို တွေ့ရစဉ်
Photo: Thiha Tun/RFA

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် အတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန်က ရခိုင်ပြည်နယ်အရေးနဲ့ ပတ်သက်ပြီး အနောက်နိုင်ငံတွေရဲ့ ဖိအားပေးမှုတွေကြောင့် မြန်မာအစိုးရကို တရုတ်နဲ့ ရုရှားနိုင်ငံတွေနဲ့ ပိုမိုနီးကပ်သွားစေတယ်လို့ မနေ့ညက ပြောကြားလိုက်ပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Rex Tillerson ရက် တီလာဆန်တို့ ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့မှာ အင်္ဂါနေ့ မနေ့က တွေ့ဆုံခဲ့ပြီးနောက် နေပြည်တော် မှာ ခေါင်းဆောင် နှစ်ဦး ဒီကနေ့ ထပ်မံတွေ့ဆုံကြဖို့ ရှိနေစဉ်အတွင်း ဦးဝင်းထိန်ကို RFA က ဆက်သွယ်မေးမြန်း ရာမှာ သူက အခုလို ဖြေကြားခဲ့တာဖြစ်ပါတယ်။

ဒ့ါအပြင် သူက လက်ရှိအခြေအနေမှာ ဂျပန်နိုင်ငံရဲ့ ရပ်တည်ချက်ကို တခြားနိုင်ငံတွေ အတုယူဖို့ တိုက်တွန်းခဲ့သလို အစိုးရနဲ့ တပ်မတော်ကို ပြည်ပနိုင်ငံတွေ အဖွဲ့အစည်းတွေက ဝိုင်းဝန်းဖိအားပေးတဲ့အချက်ကြောင့် ဒီအဖွဲ့အစည်းနှစ် ခု ပိုမိုနီးကပ်လာနိုင်ဖွယ်ရှိကြောင်းလည်း ပြောပါတယ်။

တဆက်တည်းမှာပဲ မြန်မာပြည်ရဲ့အခြေအနေကို သေသေချာချာ မလေ့လာဘဲ ဖိအားပေးမှုအတွက် အနောက်နိုင် ငံတွေကို ဒေါ်အောင်ဆန်းစုကြည်က စိတ်ပျက်နေကြောင်းနဲ့ မွတ်စလင်တွေ လူမျိုးတုံး သတ်ဖြတ်ခံရတယ် ဆိုတဲ့ ပြည်ပကပြောဆိုချက်ဟာလည်း လုံးဝမှားယွင်းနေကြောင်း ဦးဝင်းထိန်က ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို ပေးအပ်ခဲ့တဲ့ ဆုတချို့ ပြန်ရုပ်သိမ်းမှုတွေ၊ ယူတူးလိုအဖွဲ့တွေက ပြစ်တင်ပြောဆိုမှုတွေနဲ့ ပတ်သက်ပြီး RFA က မေးမြန်းခဲ့ရာမှာတော့ အဲဒီလုပ်ရပ်တွေဟာ အင်မတန် ကလေးဆန်တဲ့ အပြုအမူတွေဖြစ် တယ်လို့ ဦးဝင်းထိန်က ဝေဖန်ခဲ့ပါတယ်။

လက်ရှိ ရခိုင်ပြည်နယ်အရေးကြောင့် တိုင်းပြည်တိုးတက်ရေးလုပ်ငန်းတွေကို တစ်စုံတရာထိခိုက်ခဲ့ပေမယ့် ရေရှည် မှာ ပြေလည်ချောမွေ့သွားမယ်လို့ ယုံကြည်ကြောင်းလည်း သူကပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။