မြန်မာအမျိုးသမီး ၁၁ ဦး တရုတ်ကို မှောင်ခိုပို့ခံရ

တရုတ်ပြည်မြောက်ပိုင်း မွန်ဂိုလီးယား အတွင်းပိုင်းဒေသမှာ မြန်မာအမျိုးသမီးတွေ ကို ဇနီးမယားအဖြစ် ရောင်းချ ဖို့ ခေါ်ဆောင်ထိန်းသိမ်းထားတဲ့ ၃၁ ဦးပါ လူမှောင်ခိုအဖွဲ့ကို တရုတ်အာဏာပိုင်တွေက ဖမ်းဆီးခဲ့ပါတယ်။

တရုတ်ပြည် မြောက်ပိုင်း မွန်ဂိုလီးယားအတွင်းပိုင်းဒေသမှာ မြန်မာအမျိုးသမီးတွေကို ဇနီးမယားအဖြစ် ရောင်းချ ဖို့ ခေါ်ဆောင်ထိန်းသိမ်းထားတဲ့ ၃၁ ဦးပါ လူမှောင်ခိုအဖွဲ့ကို တရုတ်အာဏာပိုင်တွေက ဖမ်းဆီးခဲ့ပါတယ်။

အဲ့ဒီလူမှောင်ခိုအဖွဲ့က ထိန်းသိမ်းထားသူ အမျိုးသမီး ၁၄ ယောက်မှာ ၁၁ ယောက်က မြန်မာအမျိုးသမီးတွေ ဖြစ်ကြ ပါတယ်။ အဲ့ဒီ မြန်မာအမျိုးသမီး ၁၁ ယောက်ထဲမှာလည်း ၅ ယောက်က အသက် ၁၈ နှစ်အောက် မိန်းကလေးတွေဖြစ်တယ်လို့ ရိုက်တာသတင်းက ဖော်ပြပါတယ်။

မြန်မာ အမျိုးသမီးတွေကို လူမှောင်ခိုဂိုဏ်းက အလုပ်အကိုင်ရစေမယ်လို့ မက်လုံးပေး ခေါ်ဆောင်လာခဲ့ တာဖြစ်ကြောင်း သိရပါတယ်။

လူမှောင်ခိုဂိုဏ်းတွေရဲ့ သွေးဆောင်ခေါ်ယူခံရတဲ့ အမျိုးသမီးတွေဟာ တရုတ်ပြည် ကျေးလက်ဒေသတွေမှာ ဇနီးမယားတွေအဖြစ် တစ်ယောက်ကို အနည်းဆုံး အမေရိကန်ဒေါ်လာ ၈ ထောင်ကျော်နဲ့ညီတဲ့ တရုတ်ယွမ်ငွေ ငါးသောင်းနဲ့ ရောင်းချခံကြရပါတယ်။

တရုတ်ပြည်ရဲ့ တစ်အိမ်ထောင် ကလေးတစ်ယောက်မူဝါဒနဲ့ ယောကျ်ားလေးကို ပိုပြီးတန်ဖိုးထားတဲ့ ရှေးရိုးစွဲ ဓလေ့ကြောင့် အမျိုးသမီးဦးရေ ရှားပါးလာတာနဲ့အမျှ၊ သတို့သမီး မှောင်ခိုဈေးကွက်ကြီး ပေါ်ပေါက်လာခဲ့ တာ ဖြစ်ပါတယ်။

ခရီးသွားလုပ်ငန်းဆိုင်ရာ အင်တာနက်စာမျက်နှာ ကြော်ညာတွေမှာတောင် အရှေ့တောင်အာရှနိုင်ငံတွေ က နိုင်ငံခြားသူ သတို့သမီးတွေနဲ့ တွေ့ဆုံနိုင်ကြောင်း ထည့်သွင်းဖော်ပြလာခဲ့ကြတဲ့အတွက်၊ အရေးယူ ရလိမ့်မယ်လို့ တရုတ်ရဲတပ်ဖွဲ့က ပြီးခဲ့တဲ့ စက်တင်ဘာလက သတိပေးခဲ့ရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org