မြန်မာ အမျိုးသမီးတွေအတွက် သမ္မတဟောင်း ကလင်တန် ကူညီမည်
မြန်မာအမျိုးသမီးတွေရဲ့ ဘဝအခြေ အနေတွေ တိုးတက်လာရေးအတွက် အမေရိကန်သမ္မတဟောင်း ဘီလ်ကလင်တန် ထူထောင် ထားတဲ့ Clinton Global Initiative CGI ခေါ် ကလင်တန်နိုင်ငံ တကာ ကူညီထောက်ပံ့ရေး အစီအစဉ်က အမေရိကန်ဒေါ် လာ ၇ သန်း အကူအညီပေးမယ်လို့ သိရပါတယ်။ CGI ရဲ့ နှစ်ပတ်လည်စည်းဝေးပွဲကနေ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။
-
2014-09-27 -
-
-
မြန်မာအမျိုးသမီးတွေရဲ့ ဘဝအခြေအနေတွေ တိုးတက်လာရေးအတွက် အမေရိကန်သမ္မတဟောင်း ဘီလ်ကလင်တန် ထူထောင်ထားတဲ့ Clinton Global Initiative CGI ခေါ် ကလင်တန်နိုင်ငံတကာ ကူ ညီထောက်ပံ့ရေး အစီအစဉ်က အမေရိကန်ဒေါ်လာ ၇ သန်း အကူအညီပေးမယ်လို့ သိရပါတယ်။ CGI ရဲ့ နှစ် ပတ်လည်စည်းဝေးပွဲကနေ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။
မြန်မာနိုင်ငံအတွင်း နေရာဒေသ ၆ ခုက အမျိုး သမီးပေါင်း ခြောက်သောင်းခုနစ်ထောင်နီးပါးအတွက် ဆင်းရဲ မွဲတေမှုလျှော့ချရေး၊ စွမ်းဆောင်ရည်မြင့်မား လာရေး၊ အသေးစား ငွေစုငွေချေးဘဏ်တွေထူထောင်ပေး ပြီး၊ သက်မွေးဝမ်းကျောင်းလုပ်ငန်းဆိုင်ရာ သင်တန်းတွေပေးရေး စတဲ့လုပ်ငန်းတွေဆောင်ရွက် မယ်လို့ ဆိုပါတယ်။
အဲဒီကူညီထောက်ပံ့ရေး အစီအစဉ်ကို အမေရိကန် အခြေစိုက် pact အဖွဲ့နဲ့အတူ၊ CGI နဲ့အတူ ကူညီရေးလုပ်ငန်းတွေ တွဲဖက်ဆောင်ရွက်နေတဲ့ Chevron ရေနံကုမ္ပဏီ၊ Coca Cola အချိုရည်ကုမ္ပဏီတို့ ပါဝင်ဆောင်ရွက်ကြမှာဖြစ်ပါတယ်။
CIG ဟာ ၁၉၉၇ ခုနှစ်က မြန်မာနိုင်ငံမှာ Pact Myanmar အဖွဲ့ကို ထူထောင်ပြီးကျေးလက်ကျန်းမာရေး၊ သက်မွေး ဝမ်းကျောင်း တိုးတက်ဖွံ့ဖြိုးရေးတွေ ဆောင်ရွက်ခဲ့ပါတယ်။
အမေရိကန် သမ္မတဟောင်း ကလင်တန်ရဲ့သမီးဖြစ်သူ ချယ်လ်ဆီး ကလင်တန်ဟာလည်း မြန်မာနိုင်ငံက ကလေးငယ်တွေ ရေကောင်းရေသန့် ရရှိရေးအတွက် အမေရိကန် P&G ကုမ္ပဏီ နဲ့အတူ ကူညီခဲ့ပါတယ်။
၂ဝဝ၈ ခုနှစ် နာဂစစ်မုန်တိုင်းနောက်ဆက်တွဲ သောက်သုံးရေရှားပါးပြတ်လပ်မှု ဒုက္ခခံစားခဲ့ရတဲ့ ကျေးလက် ဒေသတွေမှာ သုံးနှစ်အတွင်း ရေဂါလံ ၃၁ သန်းကျော်လှူဒါန်းခဲ့ပါတယ်။
၂ဝဝ၃ ခုနှစ် မေလအတွင်း ရန်ကုန်ြမို့မှာ ကျင်းပခဲ့တဲ့ P&G ကုမ္ပဏီ ရဲ့ ကမ္ဘာတစ်ဝှမ်း ရေသန့်လှူဒါန်းမှု လီတာ ခြောက်ဘီလီယံ ပြည့်မြောက်တဲ့အထိမ်းအမှတ် အခမ်းအနားကို ချယ်လ်ဆီးကလင်တန် တက်ရောက်ခဲ့ပါတယ်။