မြန်မာနိုင်ငံက အထည်ချုပ်လုပ်ငန်းကဏ္ဍမှာ အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံနေရ
မြန်မာနိုင်ငံမှာ လုပ်သားအခွင့်အရေး ချိုးဖောက်မှုတွေ အခြေအနေ ပိုဆိုးလာနေပြီး၊ မြန်မာနိုင်ငံမှာ အဝတ်အထည်ထုတ်လုပ်တဲ့ ဖက်ရှင်အမှတ်တံဆိပ်လုပ်ငန်းတွေဟာ အလုပ်သမားအခွင့်အရေး အကာအကွယ်ပေးဖို့ ပျက်ကွက်နေတယ်လို့ ယူကေနိုင်ငံအခြေစိုက် လူ့အခွင့်အရေးလေ့လာစောင့်ကြည့်ရေးအဖွဲ့ Business & Human Rights Resource Centre (BHRRC) က ဒီနေ့ သတင်းထုတ်ပြန်လိုက်ပါတယ်။
-
RFA Burmese
2023-11-22 -

မြန်မာနိုင်ငံရဲ့ အထည်ချုပ်ကဏ္ဍမှာ ဖေဖော်ဝါရီလကနေ ဇူလိုင်လအထိ ပြီးခဲ့တဲ့ ငါးလတာ ကာလအတွင်းမှာတင် အလုပ်သမားအခွင့်အရေးနဲ့ လူ့အခွင့်အရေးချိုးဖောက်မှု ၁၀၅ မှုရှိခဲ့ပြီး၊ ဒီအထဲက ၆၂ မှုက လုပ်ခ၊ လစာလျှော့ပေးပြီး လုပ်အားခိုးယူတာ၊ ၅၂ မှုက အလွန်အကျွံ အချိန်ပိုဆင်းခိုင်းတာ၊ ၄၇ မှုက မတရားပြုမူတာ၊ ခြိမ်းခြောက် အနှောင့်အယှက်ပေးတာနဲ့ ၄၄ မှုက အန္တရာယ်ရှိတဲ့ အခြေအနေမှာ အလုပ်လုပ်ခိုင်းတာ စတဲ့ အမှုတွေ ဖြစ်တယ်လို့ ဆိုပါတယ်။
BHRRC က မှတ်တမ်းတင်နိုင်ခဲ့တဲ့ အလုပ်သမားအခွင့်အရေးချိုးဖောက်ကြောင်း တိုင်ကြားမှုတွေဟာ ZARA, Pull&Bear, Bershka, MOHITO H&M စတဲ့ နာမည်ကြီး ဖက်ရှင်အမှတ်တံဆိပ် လုပ်ငန်းတွေ ထုတ်လုပ်တဲ့ စက်ရုံတွေမှာ ဖြစ်ပွားခဲ့တာဖြစ်တယ်လို့လည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။
BHRRC က ရတဲ့ အချက်အလက်တွေအရ မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းထားတာ သုံးနှစ်ကြာလာတဲ့အချိန်မှာ အထည်ချုပ် စက်ရုံလုပ်သားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုတွေ အလွန်များပြားလာနေပါတယ်။
ဒီအထဲက ချိုးဖောက်မှုတော်တော်များများဟာ နာမည်ကြီး ဖက်ရှင်အမှတ်တံဆိပ်တွေ ထုတ်လုပ်ပေးနေတဲ့ စက်ရုံတွေမှာ ဖြစ်ပါတယ်။
အမျိုးသမီးတွေကို ပစ်မှတ်ထားတဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေ လူမဆန်တဲ့ လုပ်ငန်းခွင်အခြေအနေနဲ့၊ ပုံစံအမျိုးမျိုး မတရား ဆက်ဆံမှုတွေဟာ ဖြစ်ရိုးဖြစ်စဉ်လို ဖြစ်နေပါတယ်လို့ BHRRC ရဲ့ အလုပ်သမားအခွင့်အရေး အစီအစဉ်မန်နေဂျာ နာတာလီ ဆွမ်း က ကြေညာချက်ထဲမှာ ပြောထားပါတယ်။