ထိုင်းမှာ မြန်မာအလုပ် သမားတွေ ပြန်ပို့ခံနေရ

ထိုင်းနိုင်ငံမှာ အဖမ်းခံရတဲ့ မြန်မာ အလုပ်သမား အရေအတွက် သောင်း ဂဏန်းလောက်ရှိမယ်လို့ မြန်မာ အလုပ်သမားအရေး လှုပ်ရှားနေတဲ့အဖွဲ့တွေ က ပြော ပါတယ်။

ထိုင်းနိုင်ငံကိုရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားအလုပ်သမားများကို တွေ့ရစဉ် Photo: Kyaw Zaw Win/ RFA

ထိုင်းနိုင်ငံမှာ အဖမ်းခံရတဲ့ မြန်မာအလုပ်သမား အရေအတွက် သောင်းဂဏန်းလောက်ရှိမယ်လို့ မြန်မာ အလုပ် သမားအရေး လှုပ်ရှားနေတဲ့အဖွဲ့တွေ က ပြောပါတယ်။

အဖမ်းခံရတဲ့ အလုပ်သမား ၉၀ ရာခိုင်နှုန်းလောက်ဟာ တရားဝင်နေထိုင်ခွင့်၊ တရားဝင်အလုပ်လုပ်ခွင့် လက်မှတ် ရှိနေသူတွေ ဖြစ်တယ်လို့ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ ဒါရိုက်တာ ဦးကျော်သောင်း က ပြောပါတယ်။

"ပြီးခဲ့တဲ့ ၁၀ ရက်ဝန်းကျင်လောက်ကစပြီး ထိုင်းမှာ အဖမ်းအဆီးတွေ အရမ်းကြမ်းတယ်၊ နယ်မြေကျော်လို့ဆိုပြီး ဖမ်းဆီးတယ်၊ ထိုင်းနိုင်ငံတဝှမ်း ဖမ်းဆီးတာ သောင်းချီပြီးရှိနေပြီ၊ ပျဉ်းမျှ တစ်နေ့ကို တစ်ထောင်ကျော် နှစ်ထောင်ကျော် ဖမ်းနေတာ နေရာအနှံ့လေ၊ အလုပ်သမားတွေရဲ့ ၉ဝ ရာခိုင်နှုန်းလောက်က တရားဝင်နေထိုင်ခွင့်တော့ရှိတယ် တရားဝင်အလုပ်လုပ်ကိုင်ခွင့်တော့ရှိတယ်၊ သို့သော် အလုပ်နဲ့တထပ်တည်း မကျတာ သူဌေးနဲ့ တထပ်တည်းမကျတာ ၉ဝ ရာခိုင်နှုန်းရှိတယ်"

ပြီးခဲ့တဲ့ ၁၀ ရက်အတွင်း ထိုင်းနိုင်ငံမှာရှိတဲ့ ဈေးတွေ၊ ဈေးဝယ်စင်တာတွေနဲ့ ဟိုတယ်တွေမှာ မြန်မာ အလုပ်သမားတွေကို ဝင်ရောက်ဖမ်းဆီးတာဖြစ်ပြီး တစ်နေ့ကို ထောင်နဲ့ချီ ဖမ်းဆီးခံနေရ တာဖြစ်ပါတယ်။

အဖမ်းခံရတဲ့ အလုပ်သမားတွေမှာ အလုပ်အကိုင် အေဂျင်စီတွေကတဆင့် အလုပ်သွားလုပ်တဲ့ အလုပ်သမားတွေ အပြင် အစိုးရချင်း သဘောတူညီမှုနဲ့ ပို့ဆောင်ပေးနေတဲ့ MOU အလုပ်သမားတွေလည်း ပါဝင်ပါတယ်။

ထိုင်းနိုင်ငံရဲ့ ဥပဒေအရ အလုပ်လုပ်ခွင့်ပြုထားတဲ့ အလုပ်ရှင်နဲ့ အလုပ်နေရာမတူညီရင် စည်းကမ်းချိုးဖောက်တယ်လို့ သတ်မှတ်ပြီး အလုပ်ရှင်ရော အလုပ်သမားပါ အရေးယူဖို့ ပြဌာန်းထားပေမယ့် အခုချိန်အထိ အလုပ်သမားတွေသာ အရေးယူခံနေရပြီး ထိုင်းအလုပ်ရှင်တွေကို အရေးယူတာမျိုး မရှိသေးဘူးလို့လည်း ဦးကျော်သောင်း က ပြောပါတယ်။

အဖမ်းခံရတဲ့ အလုပ်သမားတွေဟာ တရားဝင်အလုပ်လုပ်ခွင့်၊ နေထိုင်ခွင့် လက်မှတ်တွေကိုပါ အသိမ်းခံရ ပြီး မြန်မာနိုင်ငံနဲ့ ထိုင်းနယ်စပ်မြို့တွေဖြစ်တဲ့ မြဝတီနဲ့ တာချီလိတ်မြို့တွေကို ပြန်ပို့ခံရတာဖြစ်ပါတယ်။

မြဝတီနယ်စပ်ဂိတ်မှာရှိတဲ့ နယ်ခြားစောင့်တပ်ဂိတ်ကို အပို့ခံရတဲ့ အလုပ်သမားတွေဟာ ထိုင်းဘတ်ငွေ အနည်းဆုံး ၁ ထောင်ပေးမှသာ ဂိတ်ကနေထွက်ခွင့်ရှိပြီး မပေးနိုင်တဲ့ အလုပ်သမားတွေဆိုရင် သူတို့ရဲ့ စိုက်ပျိုးရေးလုပ်ငန်းတွေ မှာ ဝင်ရောက်အလုပ်လုပ်ကိုင်ပေးရတယ်လို့လည်း အလုပ်သမားအဖွဲ့အစည်းတွေ က ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org