မလေးရှားသွားမယ့် မြန်မာ ၁၈ ယောက်ကို ထိုင်းရဲ ဖမ်းဆီး
မလေးရှားကို တရားမဝင်သွားရောက်မယ့် မြန်မာနိုင်ငံသား ၁၈ ယောက်ကို ထိုင်းနိုင်ငံ စုန်ခလာခရိုင်၊ စဒေါင်နယ်မြေက တောထဲမှာ ထိုင်းရဲတပ်ဖွဲ့နဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက မနေ့က မနက်ပိုင်းမှာ ဖမ်းဆီးရမိတယ်လို့ ထိုင်းသတင်းစာ The Nation မှာ ဖော်ပြထားပါတယ်။
-
2019-06-15 -
-
-
မလေးရှားကို တရားမဝင်သွားရောက်မယ့် မြန်မာနိုင်ငံသား ၁၈ ယောက်ကို ၂ဝ၁၉ ခုနှစ် ဇွန်လ ၁၄ ရက်နေ့က ထိုင်းနိုင်ငံမှာ ဖမ်းဆီးစဉ်
Photo: Assawin Pakkawan
မလေးရှားကို တရားမဝင်သွားရောက်မယ့် မြန်မာနိုင်ငံသား ၁၈ ယောက်ကို ထိုင်းနိုင်ငံ စုန်ခလာခရိုင်၊ စဒေါင်နယ်မြေက တောထဲမှာ ထိုင်းရဲတပ်ဖွဲ့နဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက မနေ့က မနက်ပိုင်းမှာ ဖမ်းဆီးရမိတယ်လို့ ထိုင်းသတင်းစာ The Nation မှာ ဖော်ပြထားပါတယ်။
အဖမ်းခံရတဲ့ မြန်မာနိုင်ငံသား အမျိုးသား ၁၆ ယောက်နဲ့ အမျိုးသမီး နှစ်ယောက်ဟာ မလေးရှားကို တရားမဝင်သွားဖို့ ပွဲစားက ခေါ်လာခဲ့တာဖြစ်ပါတယ်။ သူတို့ကို ကားလမ်းမနဲ့ တစ်မိုင်ခွဲလောက်ဝေးတဲ့ အဲဒီတောထဲမှာ ပွဲစားကထားခဲ့တာဖြစ်တယ်လို့ ရေးသားထားပါတယ်။ မလေးရှားကိုဆက်သွားဖို့ တောထဲကနေစောင့်နေတာ လေးရက်ကြာပြီး အစားအသောက်အတွက် ငှက်ပျောအူတွေကို စားခဲ့ရတယ်လို့ သိရပါတယ်။
ဒီသတင်းကို RFA သတင်းထောက် မဇာဏီထွဏ်း ပေးပို့တာပါ။