မြန်မာအလုပ်သမား ၆၀၀ ကျော် အဖမ်းခံရ
တရုတ် မြန်မာနယ်စပ် ရွှေလီနဲ့ ကျယ်ခေါင်မြို့တွေမှာ အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာနိုင်ငံသားတွေကို တရုတ်ဒေသဆိုင်ရာ ရဲတပ်ဖွဲ့တွေက ပြီးခဲ့တဲ့ သီတင်းပတ်ကတည်းက စတင်ဖမ်းဆီးနေရာမှာ မြန်မာအလုပ်သမား ၆၀၀ ကျော် ဖမ်းဆီးခံထားရကြောင်း၊ တရုတ် မြန်မာနယ်စပ် အခြေစိုက် ဒေသခံတွေက ပြောပါတယ်။
-
2012-03-19 -
-
-
တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့တော်ရှိ ပြည်သူ့ မဟာခန်းမ အဆောက်အအုံကြီး ရှေ့တွင် အစောင့် တပ်သားတဦး တာဝန်ကျနေပုံ ဖြစ်ပါသည်။ (Photo: AFP)
Photo: AFP
အခုလို ဖမ်းဆီးခံရတဲ့ မြန်မာ အလုပ်သမားအများစုဟာ နေ့စဉ်၊ အပတ်စဉ် သတ်မှတ်ပေးတဲ့ နိုင်ငံကူး လက်မှတ်တွေ မလုပ်နိုင်တဲ့ အလုပ်သမားတွေက အများစုဖြစ်တယ်လို့ တရုတ် မြန်မာနယ်စပ်မှာ နေထိုင်တဲ့ စစ်ရေး နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇော်က ပြောပါတယ်။
အခုရက်ပိုင်းအတွင်း မြန်မာအလုပ်သမားတွေကို ဖမ်းဆီးမှုမှာ အရင်နဲ့မတူပဲ တရုတ်ဒေသဆိုင်ရာ ရဲတပ်ဖွဲ့ဝင်တွေဟာ ကိုယ်ထိလက်ရောက် စော်ကားတာတွေပါ တွေ့ရှိရတယ်လို့ ပြောပါတယ်။