မြန်မာနဲ့ တောင်ကိုရီးယား တက္ကသိုလ်တွေ ကျန်းမာရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မည်
မြန်မာနဲ့ တောင်ကိုရီးယား တက္ကသိုလ်တွေ ကျန်းမာရေးကဏ္ဍမှာ ပူးပေါင်းဆောင်ရွက်ကြမယ်လို့ သိရပါတယ်။
-
2018-08-06 -
-
-
မြန်မာအလံနဲ့ တောင်ကိုရီးယားအလံကို တွေ့ရစဉ်
မြန်မာနဲ့ တောင်ကိုရီးယား တက္ကသိုလ်တွေ ကျန်းမာရေးကဏ္ဍမှာ ပူးပေါင်းဆောင်ရွက်ကြမယ်လို့ သိရပါတယ်။
ရန်ကုန်တက္ကသိုလ် ဆေးဝါးဌာနနဲ့ တောင်ကိုရီးယား ချောင်အန်း တက္ကသိုလ်တို့ ပူးတွဲပြီး မြန်မာနိုင်ငံ တိုင်းနဲ့ ပြည်နယ်တွေအနှံ့ ရောဂါရှာဖွေ ကုသရေးတွေ ပူးတွဲလုပ်ကိုင်ကြဖို့ သဘောတူ နားလည်မှု စာချွန်လွှာ ရန်ကုန်မြို့မှာ စနေနေ့က လက်မှတ်ရေးထိုးခဲ့ကြပါတယ်။
ဒါ့ပြင် ဆေးဝါးသုတေသနလုပ်ငန်းတွေ ပူးတွဲဆောင်ရွက်ကြဖို့၊ မြန်မာနိုင်ငံက ဓါတ်ခွဲခန်းတွေကို အဆင့်မြှင့်ဖို့၊ မြန်မာ ကျန်းမာရေးဝန်ထမ်းတွေကို တောင်ကိုရီးယားမှာ လေ့ကျင့်သင်တန်းပေးဖို့ စတဲ့အစီအစဉ်တွေလည်း ပါဝင်ပါတယ်။
အဲဒီ အစီအစဉ်တွေအတွက် KOICA ခေါ် ကိုရီးယား နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီက ပံ့ပိုးကူညီမယ်လို့ သိရပါတယ်။