ဦးခေါင်းကျည်ထိမှန်ခဲ့တဲ့ မမြသွဲ့သွဲ့ခိုင်ကို အသက်ရှူစက်ဖြုတ်ဖို့ မိသားစုသဘောတူ

နေပြည်တော် လူထုဆန္ဒပြပွဲမှာ ပစ်ခတ်ခံခဲ့ရတဲ့ မမြသွဲ့သွဲ့ခိုင် ကို အသက်ရှူစက်ဖြုတ်ဖို့ မိသားစုက ဒီကနေ့ ဖေဖော်ဝါရီလ ၁၃ ရက် မနက်ပိုင်းမှာ သဘောတူလိုက်ပြီလို့ နေပြည်တော်ကုတင် ၁၀၀၀ ဆေးရုံ တာဝန်ကျ ဆရာဝန်တစ်ဦးက ပြောပါတယ်။

ရန်ကုန်မြို့၊ လှည်းတန်းခုံးကျော်တံတားမှာ ၂၀၂၁၊ ဖေဖော်ဝါရီ ၁၀ ရက်နေ့က စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြတဲ့ ပြည်သူတွေ ချိတ်ဆွဲထားတဲ့ ဗီနိုင်းကို တွေ့ရစဉ်

နေပြည်တော် လူထုဆန္ဒပြပွဲမှာ ပစ်ခတ်ခံခဲ့ရတဲ့ မမြသွဲ့သွဲ့ခိုင် ကို အသက်ရှူစက်ဖြုတ်ဖို့ မိသားစုက ဒီကနေ့ ဖေဖော်ဝါရီလ ၁၃ ရက် မနက်ပိုင်းမှာ သဘောတူလိုက်ပြီလို့ နေပြည်တော်ကုတင် ၁၀၀၀ ဆေးရုံ တာဝန်ကျ ဆရာဝန်တစ်ဦးက ပြောပါတယ်။

ဘယ်အချိန်မှာ အသက်ရှူစက် ဖြုတ်မယ်ဆိုတာကို အတိအကျ မသိရသေးပေမယ့်၊ သေဆုံးပြီးတဲ့အခါ မှုခင်းဆရာဝန်ကြီးက ရုပ်အလောင်းကို ရင်ခွဲစစ်ဆေးပြီး၊ သေမှုသေခင်းကို တရားဝင် မှတ်တမ်းတင်ထားမယ် လို့ သိရပါတယ်။

အသက် ၁၉ နှစ်အရွယ် မမြသွဲ့သွဲ့ခိုင်ဟာ ဖေဖော်ဝါရီလ ၉ ရက်နေ့က နေပြည်တော်မြို့လယ် သပြေကုန်း အဝိုင်း လူထုဆန္ဒပြပွဲကို ရဲတပ်ဖွဲ့က ပစ်ခတ်ဖြိုခွဲချိန် ဦးခေါင်းကို သေနတ်ကျည်ဆန် ထိမှန်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီဆန္ဒပြပွဲမှာ နေပြည်တော် ၈ မြို့နယ်က ဝန်ထမ်းတွေ၊ ကျောင်းသားပြည်သူတွေ အပါအဝင် လူဦးရေ တစ်သိန်းနီးပါး ပါဝင်ခဲ့ပြီး၊ ပစ်ခတ်မှုကြောင့် မမြသွဲ့သွဲ့ခိုင်နဲ့ ကိုဆိုဝေ အပါအဝင် စုစုပေါင်း လူ ငယ် ၁၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တာ ဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org