ယူနက်စကို စာရင်း ဝင်နိုင်ရေး မြောက်ဦးဒေသကို တရုတ်ပညာရှင်တွေ ကွင်းဆင်း မည်

ရခိုင်ပြည်နယ် မြောက်ဦးယဉ်ကျေးမှု အမွေအနှစ်ဒေသကို ယူနက်စကို ကမ္ဘာ့ရှေးဟောင်း အမွေအနှစ်စာရင်း ဝင်နိုင်ရေးအတွက် တရုတ်နိုင်ငံက Schedule of SEU Team အမည်ရ ပညာရှင်အဖွဲ့တစ်ခုဟာ လာမယ့် ဧပြီလ ၁၅ ရက်နေ့ကနေ မေလ ၁၄ ရက်နေ့အထိ ကွင်းဆင်းပြီး ကြိုတင်ပြင်ဆင်မှုတွေ ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

ရခိုင်ပြည်နယ် မြောက်ဦးမြို့က အံတော်သိမ်ဘုရားကို တွေ့ရစဉ် Photo: Min Thein Aung/RFA

ရခိုင်ပြည်နယ် မြောက်ဦးယဉ်ကျေးမှုအမွေအနှစ်ဒေသကို ယူနက်စကို ကမ္ဘာ့ရှေးဟောင်း အမွေအနှစ်စာရင်း ဝင်နိုင်ရေးအတွက် တရုတ်နိုင်ငံက Schedule of SEU Team အမည်ရ ပညာရှင်အဖွဲ့တစ်ခုဟာ လာမယ့် ဧပြီလ ၁၅ ရက်နေ့ကနေ မေလ ၁၄ ရက်နေ့အထိ ကွင်းဆင်းပြီး ကြိုတင်ပြင်ဆင်မှုတွေ ဆောင်ရွက် သွားမယ်လို့ သိရပါတယ်။

တရုတ်ပညာရှင်အဖွဲ့ဟာ မြောက်ဦးမြို့မှာ ကောင်းကင်ဓာတ်ပုံနဲ့ သရီးဒီမြေပုံရေးဆွဲတာတွေကို လုပ်ဆောင် သွားမှာဖြစ်တယ်လို့ ရှေးဟောင်းသုတေသနနဲ့ အမျိုးသားပြတိုက်ဦးစီးဌာန (မြောက်ဦးဌာနခွဲ)ရဲ့ ညွှွန်ကြားရေးမှူး ဦးညိမ်းလွင် က ပြောပါတယ်။

"ကမ္ဘာ့ယဉ်ကျေးမှု အမွအနှစ်စာရင်းဝင်ရေးအတွက် မြေပုံဆွဲတာကို 3D Scanning ရိုက်တာတို့၊ Satellite Mapping လုပ်တာတို့ အဲဒါတွေလုပ်ပါမယ်၊ လူ ၂၅ ပါလာမှာပါ"

တရုတ်ပညာရှင်အဖွဲ့မှာ ပညာရှင် ၂၅ ဦးပါဝင်မှာဖြစ်ပြီး အခုအကြိမ်ဟာ မြောက်ဦးမြို့ကို ဒုတိယအကြိမ်အဖြစ် ကွင်းဆင်းတိုင်းတာမှုတွေ ပြုလုပ်မှာဖြစ်တယ် လို့သိရပါတယ်။

မြောက်ဦးမြို့မှာရှိတဲ့ ရှေးဟောင်းလက်ရာတွေကို ယူနက်စကို ကမ္ဘာ့ရှေးဟောင်း ယဉ်ကျေးမှုအမွေအနှစ် စာရင်းသွင်းနိုင်ဖို့အတွက် ယူနက်စကိုအဖွဲ့ တာဝန်ရှိ သူတွေကိုယ်တိုင် ပြီးခဲ့တဲ့ ဖေဖော်ဝါရီလလောက်ကနေ စတင်ကာ မြောက်ဦးမြို့ကို လာရောက်လေ့လာမှုတွေပြုလုပ်နေပါတယ်။

တရုတ်နိုင်ငံက Schedule of SEU Team ပညာရှင်အဖွဲ့ဟာ အစိုးရနဲ နားလည်စာချွန်လွှာ လက်မှတ်ရေးထိုး ပြီး ဆောင်ရွက်တာဖြစ်တယ်လို့လည်း ညွှန်ကြားရေးမှူး ဦးညိမ်းလွင် က ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org