နိုင်ငံသား ပြုခံထားရသူတွေကို သီးခြားနေရာချထားဖို့ ဆွေးနွေး ဆုံးဖြတ်

ရခိုင်ပြည်နယ် မြေပုံမြို့နယ် တောင်ပေါ် ဒုက္ခသည်စခန်းမှာရှိတဲ့ ပန်းရောင်နိုင်ငံ သားကဒ်နဲ့ အစိမ်းရောင် "ပြုနိုင်ငံသား"ကဒ် ရရှိထားသူ ၂၀၉ ဦးကို နိုင်ငံသားဖြစ်ခွင့် မရသေးသူတွေနဲ့ သီးခြားစီနေရာချ ထားဖို့ မနေ့က နယ်စပ်ရေးရာဝန်ကြီးနဲ့ မြို့ခံတွေ ဆွေးနွေး ဆုံးဖြတ်ခဲ့ကြပါတယ်။

ရခိုင်ပြည်နယ် မြေပုံမြို့မှာ ၁၉၈၂ ခုနှစ် ဥပဒေအရ နိုင်ငံသားဖြစ်ခွင့် လျှောက်ထားသူတွေကို ၂ဝ၁၄ ခုနှစ် သြဂုတ်လ ၂၀ ရက်နေ့က စိစစ်နေစဉ် Photo: Min Thein Aung/RFA

ရခိုင်ပြည်နယ် မြေပုံမြို့နယ် တောင်ပေါ်ဒုက္ခသည် စခန်းမှာရှိတဲ့ ပန်းရောင်နိုင်ငံသားကဒ်နဲ့ အစိမ်းရောင် "ပြုနိုင်ငံသား"ကဒ် ရရှိထားသူ ၂၀၉ ဦးကို နိုင်ငံသားဖြစ် ခွင့် မရသေးသူတွေနဲ့ သီးခြားစီနေရာချထားဖို့  မနေ့က နယ်စပ်ရေးရာဝန်ကြီးနဲ့ မြို့ခံတွေ ဆွေးနွေးဆုံးဖြတ် ခဲ့ကြပါတယ်။

နိုင်ငံသားဖြစ်ခွင့် အထောက်အထား မပြည့်စုံသူတွေ ကို တောင်ပေါ်ဒုက္ခသည်စခန်းမှာပဲ သီးခြားဒုက္ခသည် အဆောင်နဲ့ ဆက်ထားဖို့ မြို့ခံတွေက တင်ပြခဲ့တယ် လို့ တွေ့ဆုံပွဲကို တက်ရောက်ခဲ့တဲ့ မြေပုံမြို့နယ် ပြည် နယ် လွှတ်တော်အမတ် ဦးအောင်ဝင်းက ပြောပါတယ်။

တောင်ပေါ်ဒုက္ခသည်စခန်းမှာရှိတဲ့ မွတ်စလင် ၁၀၀၀ ကျော်ထဲက ၂၀၉ ဦးကို ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေနဲ့အညီ ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၂ ရက်နေ့က နိုင်ငံသားနဲ့ ပြုနိုင်ငံသားကဒ်တွေ ပေးအပ်ခဲ့တာဖြစ်ပါတယ်။ အဲ့ဒီ ၂၀၉ ဦးဟာ သူတို့ကို မြေပုံမြို့ထဲ မှာ နေရာချထားဖို့ တင်ပြထားပေမယ့် မြို့ခံတွေက လက်မခံကြကြောင်း သိရပါတယ်။

အစိုးရအနေနဲ့ ရခိုင်ပြည်နယ်က မွတ်ဆလင်တွေကို ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေနဲ့အညီ စီစစ်တာတွေ လုပ်ဆောင်ဖို့ စီစဉ်နေပေမယ့် နိုင်ငံသားဖြစ်ခွင့် အထောက်အထားမရှိတဲ့သူတွေကို ဘာဆက်လုပ်မယ်ဆိုတာနဲ့ ပတ်သက်ပြီး တစုံတရာ ထုတ်ဖော်ပြောဆိုတာ မရှိသေးပါဘူး။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org