မြိုင်ကြီးငူဆရာတော် ရုပ်ကလာပ်ကို ပြန်လည်ပင့်ဆောင်
ထိုင်းနိုင်ငံ ဘန်ကောက်မြို့က ဆေးရုံမှာ အဆုတ်ရောဂါနဲ့ မနေ့ညက ပျံလွန်တော်မူခဲ့တဲ့ မြိုင်ကြီးငူဆရာတော် အရှင် သုဇနရဲ့ ရုပ်ကလာပ်ကို ကရင်ပြည်နယ် မြိုင်ကြီးငူဒေသကို ဒီနေ့ ပြန်လည်ပင့်ဆောင်လာပါတယ်။
-
2018-10-14 -
-
-
မြိုင်ကြီးငူဆရာတော်ရဲ့ ရုပ်ကလာပ်တော် ပြန်လည်သယ်ဆောင်လာတာကို ၂ဝ၁၈ ခုနှစ် အောက်တိုဘာလ ၁၄ ရက်နေ့က မြဝတီမြို့ တံထားထိပ်မှာ တပည့်ဒကာတွေ စောင့်ကြိုနေစဉ်
Photo: Thar Seint
ထိုင်းနိုင်ငံ ဘန်ကောက်မြို့က ဆေးရုံမှာ အဆုတ်ရောဂါနဲ့ မနေ့ညက ပျံလွန်တော်မူခဲ့တဲ့ မြိုင်ကြီးငူဆရာတော် အရှင် သုဇနရဲ့ ရုပ်ကလာပ်ကို ကရင်ပြည်နယ် မြိုင်ကြီးငူဒေသကို ဒီနေ့ ပြန်လည်ပင့်ဆောင်လာပါတယ်။
ဆရာတော်ရဲ့ ဈာပနအခမ်းအနားကို ကျင်းပမယ့် နေ့ရက်၊ အချိန်၊ နေရာတို့ကို မဆုံးဖြတ်ရသေးဘူးလို့ ဆရာတော် ရဲ့ရုပ်ကလာပ်ကို သယ်ဆောင်လာတဲ့ ခရီးစဉ်မှာ လိုက်ပါလာတဲ့ ကိုသားစိမ့်က ပြောပါတယ်။
ဆရာတော်ဟာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့က ဆေးရုံမှာ ဆေးကုသမှုခံယူနေတာ ၁ နှစ်ကျော်ကြာပြီလို့လည်း သိရပါတယ်။ ဆရာတော်ဟာ ပျံလွန်တော်မူချိန်မှာ သက်တော် ၇၁ နှစ်ရှိပြီး ဝါ ၅၁ ဝါ ရှိပြီဖြစ်တယ်လို့ သိရပါတယ်။
မြိုင်ကြီးငူဆရာတော် အရှင် သုဇနရဲ့ဇာတိဟာ ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့၊ နို့ထကျေးရွာဖြစ်ပြီး စကောကရင် တိုင်းရင်းသားဖြစ်တယ်လို့ သိရပါတယ်။