တောင်သာမြို့နယ်က ရပ်ကျေးအုပ်ချုပ်ရေးမှူးတစ်ဦး ပစ်သတ်ခံရ
မန္တလေးတိုင်း မြင်းခြံခရိုင် တောင်သာမြို့နယ်ထဲက စစ်ကောင်စီကခန့်ထားတဲ့ ဘုရားလှကျေးရွာအုပ်ချုပ်ရေးမှူး ဦးမြင့်နွယ်ဟာ ဩဂုတ်လ ၃၀ ရက် ဒီနေ့ မနက် ၁၀ နာရီခွဲဝန်းကျင်မှာ နဖူးကို သေနတ်နဲ့အပစ်ခံရပြီး သေဆုံးသွားပါတယ်။
- 2021-08-30
-
-
-
ဘုရားလှကျေးရွာအုပ်ချုပ်ရေးမှူး ဦးမြင့်နွယ် ကို တွေ့ရစဥ်
Photo: CJ
မန္တလေးတိုင်း မြင်းခြံခရိုင် တောင်သာမြို့နယ်ထဲက စစ်ကောင်စီကခန့်ထားတဲ့ ဘုရားလှကျေးရွာအုပ်ချုပ် ရေးမှူး ဦးမြင့်နွယ်ဟာ ဩဂုတ်လ ၃၀ ရက် ဒီနေ့ မနက် ၁၀ နာရီခွဲဝန်းကျင်မှာ နဖူးကို သေနတ်နဲ့အပစ်ခံရပြီး သေဆုံးသွားပါတယ်။
ပစ်ခတ်မှုဖြစ်ပြီး မကြာခင် တောင်သာမြို့ရဲ့ TTA ပြောက်ကျားအဖွဲ့က သူတို့ရဲ့လက်ချက်ဖြစ်တယ်လို့ သူတို့ရဲ့ ဖေ့စ်ဘွတ်လူမှုကွန်ရက် စာမျက်နှာကနေ ကြေညာခဲ့ပါတယ်။
ဩဂုတ်လ ၁၇ ရက်နေ့ကလည်း တောင်သာမြို့၊ မီးပေါက်ကျေးရွာက စစ်ကောင်စီဩဇာခံ ကျေးရွာအုပ်ချုပ် ရေးမှူး ဦးအောင်မြင့်နဲ့ သားဖြစ်သူတို့ နှစ်ဦး ယာခင်းထဲမှာ သေနတ်ဒဏ်ရာတွေနဲ့ သေဆုံးခဲ့ပါတယ်။
စစ်ကောင်စီ သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁ ရက် နေ့က သြဂုတ်လ ၂၆ ရက်နေ့အထိ မန္တလေးတိုင်းမှာ အကြမ်းဖက်တိုက်ခိုက်ခံရလို့ သေဆုံးသူ ၁၂၆ ဦးနဲ့ ရန်ကုန်တိုင်းအတွင်းမှာ ၈၄ ဦး စုစုပေါင်း ၂၁၀ ဦးရှိတယ်လို့ သြဂုတ်လ ၂၇ ရက်နေ့က နေပြည်တော်မှာပြုလုပ် တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုထားပါတယ်။