အစိုးရအပေါ် မုန်းတီးစိတ်ဖြစ် လာအောင် စည်းရုံးမှုတွေရှိကြောင်း ဝန်ကြီးဦးမြင့်လှိုင် ပြော
အစိုးရအပေါ်မှာ ပြည်သူတွေ မုန်းတီး စိတ်တွေ ဖြစ်ပေါ်လာအောင် စည်းရုံးပြော ဆိုနေတဲ့ နိုင်ငံရေးသမားတွေ ရှိနေကြောင်း လယ်ယာ စိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီး ဦးမြင့်လှိုင်က ပြောလိုက် ပါတယ်။
-
2015-10-24 -
-
-
အစိုးရအပေါ်မှာ ပြည်သူတွေ မုန်းတီးစိတ်တွေ ဖြစ်ပေါ်လာအောင် စည်းရုံးပြောဆိုနေတဲ့ နိုင်ငံရေးသမားတွေ ရှိနေကြောင်း လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီး ဦးမြင့်လှိုင်က ပြောလိုက်ပါတယ်။
ဒီနေ့ နေပြည်တော် ဇမ္ဗူသီရိမြို့နယ် အလျင်လိုကျေးရွာမှာ လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာနက ပုလဲသွယ်စပ်မျိုးစပါးဝတ်မှုန်ကူးပွဲမှာ ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်က ပြောတာဖြစ်ပါတယ်။
"တချို့သော နိုင်ငံရေးသမားတွေ၊ တချို့သော နိုင်ငံရေးအဖွဲ့အစည်းတွေက ပြည်သူလူထုကို တွေဝေ သွားအောင်၊ အားလုံးကို ဆန့်ကျင်စိတ်တွေ ပေါက်လာအောင် ဒေါသတွေဖြစ်အောင်၊ နာကျည်းမှုတွေဖြစ်အောင်၊ မုန်းတီးမှုတွေဖြစ်အောင် အစိုးရကို ရန်သူလိုဖြစ်အောင်လုပ်တာ အင်မတန်ဝမ်းနည်းဖို့ကောင်းတယ်၊ ပြည်သူ အတွက်လည်း ကျနော်စိတ်မကောင်းဘူး၊ အစိုးရအတွက်လည်း စိတ်မကောင်းဘူး၊ ဒီအစိုးရနဲ့ ဒီပြည်သူနဲ့ ဒီနိုင်ငံကြီးကို သယ်ဆောင်သွားနေတာ၊ အစိုးရမုန်းတီးရေးကို ရှေ့တန်းတင်ပြီးတော့ လူတွေဆန္ဒပြ အုံကြွပေါက် ကွဲမှ ကိုယ်အနိုင်ရဖို့အတွက်ကို ရှေ့တန်းတင်နေတယ်"
သမ္မတဦးသိန်းစိန် အစိုးရလက်ထက်မှာ ပြုပြင်ပြောင်းလဲရေးတွေ လုပ်ဆောင်နေတာကို နိုင်ငံရေးပါတီတွေက မျက်ကွယ်ပြုထားတယ်လည်း ဦးမြင့်လှိုင်က ပြောခဲ့ပါတယ်။
"ကျနော်တို့နိုင်ငံမှာ လက်နက်ကိုင် ပြဿနာတွေလည်း သမ္မတကြီး တအားကြိုးစားပြီးတော့မှ ကျနော်တို့တွေ အပါအဝင် ဝိုင်းဝန်းပြီးတော့မှလုပ်တာ၊ ပြုပြင်ပြောင်းလဲမှုတွေကိုလည်း တော်တော်လေးကို လုပ်နိုင်ပါတယ်၊ ကမ္ဘာက အသိအမှတ်ပြုတယ်၊ နိုင်ငံရေးပါတီတချို့က မျက်စိပိတ်ထားသလဲ၊ ကျနော်တော်တော်အံ့သြတယ်၊ ကိုယ်နိုင်ရင်တော့ ကိုယ်နိုင်သလို တိုင်းပြည်ကို ဆက်ပြီးဦးဆောင်ကြပေါ့ဗျာ၊ လောလောဆယ်မှာတော့ အစိုးရမုန်းတီးရေးဝါဒတွေနဲ့ တချိန်ကျရင် သူတို့အစိုးရဖြစ်လာရင် ဒီလိုပဲ ပြည်သူတွေက မုန်းတီးနေလို့ရှိ ရင် ဖြစ်နိုင်ပါ့မလား"
ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်ဟာ ဒက္ခိဏသီရိမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း အဖြစ် ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖံ့ွဖြိုးရေးပါတီကို ကိုယ်စားပြုပြီး ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။
ဇမ္ဗူသီရိမြို့နယ်မှာ ပြည်ခိုင်ဖြိုးပါတီက ဆက်သွယ်ရေးနဲ့ သတင်းအချက်အလက် နည်းပညာဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီးဟောင်း ဦးမြတ်ဟိန်း ဝင်ရောက်ယှဉ်ပြိုင်မယ့် မဲဆန္ဒနယ်ဖြစ်ပါတယ်။