မြစ်ကြီးနား ပင်မတက္ကသိုလ်ရှေ့ မှာ ကျောင်းသားတွေ ဆန္ဒပြ

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မြစ်ကြီးနား ပင်မတက္ကသိုလ်ရှေ့မှာ တက္ကသိုလ်ကျောင်း သား ကျောင်းသူ ၅၀ လောက်က အမျိုးသား ပညာရေးဥပဒေကို ဒီနေ့ ကန့်ကွက်ဆန္ဒပြကြပါတယ်။

အမျိုးသားပညာရေးဥပဒေကို ဖေဖော်ဝါရီလ ၁ဝ ရက်နေ့ က မြစ်ကြီးနားမြို့မှာ တက္ကသိုလ်ကျောင်းသားတွေ ကန့်ကွက်ဆန္ဒပြစဉ် Photo: Kyaw Myo Min/RFA

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မြစ်ကြီးနား ပင်မ တက္ကသိုလ်ရှေ့မှာ တက္ကသိုလ်ကျောင်းသား ကျောင်းသူ ၅၀ လောက်က အမျိုးသားပညာရေးဥပဒေကို ဒီနေ့ ကန့်ကွက်ဆန္ဒပြကြပါတယ်။

နိုင်ငံရေးအဖွဲ့အစည်းတွေရဲ့ လွှမ်းမိုးမှုမပါဘဲ ကျောင်း သား ကျောင်းသူတွေရဲ့ ဆန္ဒသဘောထားကို ဖော်ထုတ် တာဖြစ်တယ်လို့ ဗန်းမော်ခရိုင် ဗမာနိုင်ငံလုံးဆိုင် ရာ ကျောင်းသားများသမဂ္ဂအဖွဲ့ချုပ် ဥက္ကဌ ကိုဇော်ထက်အောင်က ပြောပါတယ်။

"တခြား နိုင်ငံရေးအဖွဲ့အစည်းတွေ၊ လူမှုရေး အဖွဲ့အစည်းတွေ လွှမ်းမိုးမှုကနေ လုံးဝကင်းရှင်း ပါတယ်၊ အခု ဆန္ဒဖော်ထုတ်တဲ့သူကလည်း အကုန်လုံးက ကျောင်းသားတွေ၊ ကျနော်တို့ရဲ့ ဆန္ဒကလည်း ကျောင်းသားအားလုံးရဲ့ဆန္ဒနဲ့ ထပ်တူညီပါတယ်ဗျ"

ဆန္ဒပြပွဲမှာ မြစ်ကြီးနားပင်မတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်နဲ့ ဗန်းမော်ခရိုင် ဗကသများအဖွဲ့ချုပ်က တက္ကသိုလ်ကျောင်းသား ကျောင်းသူတွေ ပါဝင်ခဲ့ကြပါတယ်။

မြစ်ကြီးနားပင်မတက္ကသိုလ် သမိုင်းဌာနကထိက ဒေါက်တာကျော်ဆွေညွန့်က စာသင်နေတဲ့ ကျောင်း သား ကျောင်းသူတွေကို အနှောင့်အယှက်မဖြစ်စေဖို့အတွက် လုံခြုံရေးကို တင်းကြပ်ထားတယ်လို့ ပြောပါတယ်။

"ကျနော်တို့ကတော့ နှစ်ဦးနှစ်ဖက် အေးချမ်းစွာပညာသင်ကြားရေးကို ကြိုတင်ကာကွယ်တဲ့အနေနဲ့ ဒါလုံခြုံရေးချပါတယ်၊ သူတို့ကိုလည်း ပြောပြီးသားပါ၊ သူတို့ကလည်း သူတို့ဘာသာသူတို့ အေးချမ်းစွာဆန္ဒပြပါ၊ အတွင်းထဲမှာ စာသင်နေတဲ့ကလေးတွေကိုတော့ အနှောင့်အယှက်မဖြစ်ဖို့ သူတို့ကို ကျနော်တို့ကပြောပါတယ်၊ တကယ်တော့ သူတို့တောင်းဆိုတဲ့အချက်တွေကလည်း ကျနော်တို့ နည်းဥပဒေမှာလည်း ပြဌာန်းပြီးသားပါ၊ ဆရာများသမဂ္ဂ အဖွဲ့အစည်းဆိုတာလည်း ပါပြီးသားပါ၊ ကျောင်းသားများသမဂ္ဂ အဖွဲ့အစည်းဆိုတာလည်း ပါပြီးသားပါ"

ဆန္ဒပြကျောင်းသား ကျောင်းသူတွေက အမျိုးသားပညာရေးဥပဒေကို ကန့်ကွက်ကြောင်းနဲ့ မိခင်ဘာသာ စကားကိုအခြေခံတဲ့ ပညာသင်ကြားခွင့်ရရှိရေးတို့ကို တောင်းဆိုခဲ့ကြပါတယ်။

မန္တလေးမြို့ကနေချီတက်လာတဲ့ ပင်မသပိတ်မှောက်ကျောင်းသား ကျောင်းသူတွေဟာ ပြည်မြို့က ကွန်ပျူ တာတက္ကသိုလ်၊ ပြည်တက္ကသိုလ်နဲ့ နည်းပညာတက္ကသိုလ်တွေရှေ့မှာ ဒီနေ့ သွားရောက်ဆန္ဒပြခဲ့ကြပါတယ်။

ပခုက္ကူနဲ့ မုံရွာမြို့က ကျောင်းသား ကျောင်းသူတွေက ဒီနေ့ညမှာ ပြည်မြို့ကို ရောက်ရှိမှာဖြစ်ပါတယ်။

ဒီအတောအတွင်း ပညာရေး လေးပွင့်ဆိုင်ဆွေးနွေးပွဲကနေရလာမယ့် သဘောတူညီချက်တွေကို အမျိုးသား ပညာရေးဥပဒေကို ပြင်ဆင်တဲ့ဥပဒေကြမ်းမှာ ထည့်သွင်းပေးဖို့ အစိုးရဘက်က သဘောတူညီထားပြီးဖြစ် တဲ့အတွက် ကျောင်းသားတွေအနေနဲ့ အရင်က မိမိတို့လက်မှတ်ရေးထိုးထားတဲ့ ကတိအတိုင်း ဆန္ဒပြတာတွေကို ရပ်ဆိုင်းကြဖို့ အစိုးရသတင်းထုတ်ပြန်ရေးအဖွဲ့က မနေ့က ကြေညာချက်ထုတ်ပြန်ပါတယ်။

ဒီကြေညာချက်အပေါ် ဆန္ဒပြကျောင်းသားလှုပ်ရှားမှု ခေါင်းဆောင်တွေရဲ့ တုန့်ပြန်ချက်တွေကို ဒေါ်ခင်ခင်အိက စုစည်းတင်ပြထားတာ နားဆင်နိုင်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org