RFA မကွေးသတင်းထောက်ကို ကမာရွတ်မြို့နယ်ရဲစခန်း မြို့နယ်မှူးက ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၈ (က) နဲ့ အမှုဖွင့်
လွတ်လပ်တဲ့အာရှအသံ RFA က မကွေးသတင်းထောက် ဦးမြင့်ဇော်ဦး (သတင်းထောက်အမည် - ဇော်တူး) ကို ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်ရဲစခန်းက မြို့နယ်မှူး ရဲမှူး သိန်းဟန်က ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၈ (က) နဲ့ အမှုဖွင့်လိုက်ပါတယ်။
-
2018-11-03 -
-
-
လွတ်လပ်တဲ့အာရှအသံ RFA က မကွေးသတင်းထောက် ဦးမြင့်ဇော်ဦး (သတင်းထောက်အမည် - ဇော်တူး) ကို ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်ရဲစခန်းက မြို့နယ်မှူး ရဲမှူး သိန်းဟန်က ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၈ (က) နဲ့ အမှုဖွင့်လိုက်ပါတယ်။
ဦးမြင့်ဇော်ဦးဟာ သူ့ကိုယ်ပိုင် လူမှုကွန်ရက် ဖေ့ဘွတ်စ် ဖြစ်တဲ့ Myint zaw oo အကောင့်ကနေ ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၂ ရက်နေ့က "ရန်ကုန်တက္ကသိုလ်ထဲမှာ ဗုံးပေါက်တယ်ဆိုတာဟုတ်လား" ဆိုပြီး မေးမြန်းတဲ့ သဘောနဲ့ စာရေးသားပြီး တင်ခဲ့ပါတယ်။
သတင်းထောက် ဦးမြင့်ဇော်ဦးက သူရဲ့ တရုတ်ပြည်ခရီးစဉ်အတွင်းမှာ သတင်းအရင်းအမြစ်တစ်ခုကနေ အဲဒီလို သတင်းတက်လာတဲ့အတွက် မှန်ကန်မူရှိ မရှိ ဆိုတာကို သဘောရိုးနဲ့ မေးခဲ့တာဖြစ်ကြောင်း၊ အဲဒီပိုစ့် တင်ပြီးနောက်မှာ မမှန်ဘူးဆိုတာ သိတဲ့အတွက် ချက်ချင်းပြန်ဖြုတ်ချခဲ့ကြောင်း RFA ကို ပြောပါတယ်။
ဒီလိုရေးသားခဲ့တဲ့အတွက် ကမာရွတ်မြို့နယ်ရဲစခန်းက ရန်ကုန်တက္ကသိုလ်ဝင်းအတွင်း သွားရောက် စစ်ဆေးခဲ့ရာမှာ ဘာမှမတွေ့ရှိခဲ့ကြောင်းနဲ့ ဒီလိုစာသားရေးသားခဲ့တာဟာ အထိတ်တလန့်ဖြစ်စေတဲ့အတွက် အမှုဖွင့် တရားစွဲဆိုတာဖြစ်ကြောင်း တရားလို ရဲမှူး သိန်းဟန် က RFA ကို ဒီနေ့ ပြောပါတယ်။
အခုလို အမှုဖွင့် တရားစွဲဆိုထားမှုနဲ့ပတ်သက်ပြီး သတင်းမီဒီယာကောင်စီနဲ့ ကာယကံရှင်ထံ ဆက်သွယ်တာ မရှိသေးကြောင်း တရားလိုက ပြောပါတယ်။