အစိုးရပိုင် ဆင်ဟွာ သတင်းဌာနနဲ့ ဆက်သွယ် မေးမြန်းခန်းမှာ မြန်မာဘက်က ရေကာတာ ဆောက်လုပ်ရေး ရပ်ဆိုင်းထားမယ်လို့ ရုတ်တရက် ကြေညာလိုက်ကြောင်း သတင်း မီဒီယာတွေက တဆင့် သိရတာကြောင့် သူတို့ အနေနဲ့ အင်မတန်မှ အံအားသင့်မိတယ် လို့လည်း Lu Qizhou က ပြောပါတယ်။
အမေရိကန် ဒေါ်လာ သန်းသုံးထောင်ကျော် ကုန်ကျတဲ့ မြစ်ဆုံဆည် တည်ဆောက်မှု သဘောတူညီချက် စာချုပ်အပေါ် မြန်မာဘက်က ချိူးဖောက်ခဲ့မှုကို တရားဥပဒေကြောင်း အရ ဆောင်ရွက်သွားမယ် လို့လည်း ဆိုပါတယ်။
ဧရာဝတီမြစ် ကယ်တင်ရေး လှုပ်ရှားနေသူ US Campaign for Burma အဖွဲရဲ့ အမှုဆောင် ညွန်ကြားရေးမှုး ဦးအောင်ဒင်ကတော့ - မြန်မာပြည်သူ တစ်ရပ်လုံးက မြစ်ဆုံဆည် စီမံကိန်းကို ရပ်ဆိုင်းဖို့သာ မဟုတ်၊ ဖျက်သိမ်းဖို့ တောင်းဆိုနေကြတာ ဖြစ်ကြောင်း၊ တရုတ် အစိုးရရဲ့အခုလို ဖိအားပေးမှုကို
မြန်မာ အစိုးရ အနေနဲ့ ရဲရဲဝံ့ဝံ့ ရင်ဆိုင်နိုင်မယ်လို့ မျှော်လင့်ကြောင်း ပြောပါတယ်။
မြန်မာဘက်က မြစ်ဆုံဆည် စီမံကိန်း ရပ်ဆိုင်းမှုကို တရုတ် အစိုးရပိုင် ကုမ္ပဏီအနေနဲ့ ဘယ်လို ဥပဒေကြောင်းအရ တရားစွဲမလဲ ဆိုတာကို ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ မြန်မာနဲ့ တရုတ် အရေး ကျွမ်းကျင်သူတွေကတော့ နှစ်နိုင်ငံ စလုံးမှာ တရားဥပဒေ စိုးမိုးမှု အားနည်းချက်တွေ ရှိနေတာကြောင့်
ဒီမြစ်ဆုံဆည် ကိစ္စမှာ တရားဥပဒေ နည်းလမ်းအရ ဖြေရှင်းနိုင်ပါ့မလား ဆိုတာ သံသယ ရှိနေကြ ပါတယ်။
CPI ဥက္ကဌနဲ့ တရုတ်အစိုးရ သတင်းဌာန တွေ့ဆုံမေးမြန်းချက်ကို ဦးဝင်းနိုင်က ထုတ်နုတ်တင်ပြထားပါတယ်။
ဦးအောင်ဒင်နဲ့ ဆက်သွယ် မေးမြန်းချက် အသေးစိတ်ကို မအင်ကြင်းနိုင်က တင်ပြထားပါတယ်။