အမေရိကန် သံရုံးရှေ့ဆန္ဒပြသူတွေကို ရုံးထုတ်

၂၀၁၆ ခုနှစ် ဧပြီလ အတွင်းက အမေရိကန်သံရုံးရှေ့မှာ ဆန္ဒပြခဲ့တဲ့အတွက် တရားစွဲဆို ဖမ်းဆီးခံထားရတဲ့ အမျိုးသားရေး တက်ကြွလှုပ်ရှားသူ ၄ ယောက်ကို ဒီကနေ့ ကမာရွတ်မြို့နယ် တရားရုံးမှာ ရုံးထုတ်ပါတယ်။

၂ဝ၁၆ ခုနှစ်က အမေရိကန်သံရုံးရှေ့မှာ ဆန္ဒပြခဲ့တဲ့အတွက် တရားစွဲဆိုဖမ်းဆီးခံထားရသူတွေကို ကမာရွတ်မြို့နယ် တရားရုံးမှာ စက်တင်ဘာလ ၂၁ ရက်နေ့က ရုံးထုတ်လာစဉ် Photo: Aung Thain Kha/RFA

၂၀၁၆ ခုနှစ် ဧပြီလအတွင်းက အမေရိကန်သံရုံးရှေ့မှာ ဆန္ဒပြခဲ့တဲ့အတွက် တရားစွဲဆို ဖမ်းဆီးခံထားရတဲ့ အမျိုးသားရေး တက်ကြွလှုပ်ရှားသူ ၄ ယောက်ကို ဒီကနေ့ ကမာရွတ်မြို့နယ် တရားရုံးမှာ ရုံးထုတ်ပါတယ်။

ဒီကနေ့ ရုံးထုတ်ရာမှာ တရားခံပြ သက်သေတင်ဖို့ ရှိ မရှိ တရားရုံးက မေးမြန်းခဲ့ပေမယ့် တရားစွဲခံထားရသူတွေက ငြင်းပယ်လိုက်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ် ဧပြီလအတွင်းက ရခိုင်ပြည်နယ် စစ်တွေမြို့ သဲချောင်းဒုက္ခသည် စခန်းအနီးမှာ လှေတိမ်းမှောက်ပြီး သေဆုံးသွားသူတွေအတွက် စိတ်မကောင်းကြောင်း အမေရိကန်သံရုံးက ကြေညာချက် ထုတ်ပြန်ရာမှာ ရိုဟင်ဂျာနာမည်ကို သုံးစွဲခဲ့တဲ့အတွက် မျိုးချစ်ရဟန်းတော်များသမဂ္ဂနဲ့ အမျိုးသားရေး တက်ကြွ လှုပ်ရှားသူ ၃၀၀ လောက်ဟာ အမေရိကန်သံရုံးရှေ့မှာ ကန့်ကွက်ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။

အဲဒီဆန္ဒပြပွဲကို ဦးဆောင်ပါဝင်ခဲ့တဲ့ ဦးဝင်းကိုကိုလတ်၊ ဦးနိုင်ဝင်းထွန်း၊ ဦးသက်မျိုးဦးနဲ့ ဦးနေဝင်းအောင်တို့ကို နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ)၊ ငြိမ်းချမ်းစွာစုဝေးခွင့်နဲ့ စီတန်းလှည့်လည်ခွင့် ပုဒ်မ ၁၉ တို့နဲ့ တရားစွဲပြီး ဖမ်းဆီးထားတာဖြစ်ပါတယ်။

သူတို့နဲ့ အမှုတွဲဖြစ်တဲ့ သံဃာတော် ၃ ပါးကတော့ ဒီကနေ့အထိ တရားရုံးကို လာရောက်ပြီး အမှုရင်ဆိုင်တာ မရှိသေးပါဘူး။

အဲဒီအမှုနဲ့ပတ်သက်ပြီး လာမယ့် စက်တင်ဘာ ၂၈ ရက်နေ့မှာ အမိန့်ချမှတ်မှာ ဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org