အမျိုးသားရေး လှုပ်ရှားသူတွေ ဆန္ဒပြ

အမေရိကန်သံရုံးကို ပြီးခဲ့တဲ့နှစ်က ဆန္ဒပြရာမှာ ပါဝင်ခဲ့တဲ့အတွက် ဖမ်းဆီးခံထားရသူ လေးဦးရဲ့ အမှုကိုစစ်ဆေးရာမှာ ကြန့်ကြာလို့ဆိုပြီး ကမာရွတ်မြို့နယ် တရားရုံးနဲ့ မြို့နယ်တရားသူကြီး ဒေါ်စိုးစိုးမိုးကို အမျိုးသားရေးလှုပ်ရှားသူတွေက ဒီကနေ့ ကမာရွတ် တရားရုံးရှေ့မှာ ဆန္ဒပြကြပါတယ်။

သံဃာတော်တွေအပါအဝင် အမျိုးသားရေး လှုပ်ရှားသူတွေ ဇူလိုင်လ ၂၇ ရက်နေ့က ကမာရွတ် တရားရုံးရှေ့မှာ ဆန္ဒပြစဉ် Photo: Kyaw Zaw Win/RFA

အမေရိကန်သံရုံးကို ပြီးခဲ့တဲ့နှစ်က ဆန္ဒပြရာမှာ ပါဝင်ခဲ့တဲ့အတွက် ဖမ်းဆီးခံထားရသူ လေးဦးရဲ့ အမှုကို စစ်ဆေးရာမှာ ကြန့်ကြာလို့ဆိုပြီး ကမာရွတ်မြို့နယ် တရားရုံးနဲ့ မြို့နယ်တရားသူကြီး ဒေါ်စိုးစိုးမိုးကို အမျိုးသားရေးလှုပ်ရှားသူတွေက ဒီကနေ့ ကမာရွတ် တရားရုံးရှေ့မှာ ဆန္ဒပြကြပါတယ်။

သံဃာတော်တွေအပါအဝင် အမျိုးသားရေး လှုပ်ရှားသူ ၅ဝ လောက်က ကမာရွတ်မြို့နယ် တရားရုံးတည်ရှိရာလမ်း ကိုပိတ်ပြီး ဆန္ဒပြခဲ့ကြတာပါ။

ဆန္ဒပြသူတွေဟာ အမေရိကန်သံရုံးအရှေ့မှာ ဆန္ဒပြခဲ့တာကြောင့် ငြိမ်းချမ်းစွာ စုဝေးခွင့်နဲ့ စီတန်းလှည့်လည်ခွင့် ဥပဒေ ပုဒ်မ ၁၉ ၊နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅ဝ၅(ခ) တို့နဲ့ တရားစွဲဆို ဖမ်းဆီးခံထားရတဲ့ ဦးဝင်းကိုကိုလတ်၊ ဦးနိုင်ဝင်းထွန်း၊ ဦးသက်မျိုးဦးနဲ့ ဦနေဝင်းအောင်တို့ကို ပြန်လည်လွှတ်ပေးဖို့ တောင်းဆို ခဲ့ကြပါတယ်။

ဖမ်းဆီးခံထားရသူတွေကို အပတ်စဉ် ကြာသာပတေးနေ့တိုင်းမှာ ရုံးထုတ်နေပေမယ့် အမှုကို မစစ်ဆေးတာကြောင့် အခုလို ဆန္ဒပြကြတာဖြစ်တယ်လို့ ဆန္ဒပြသူတွေက ပြောပါတယ်။

အမျိုးသားရေး လှုပ်ရှားသူတွေဟာ ဆန္ဒပြပွဲအပြင် ကမာရွတ်မြို့နယ် တရားရုံးရှေ့မှာ ဟောပြောပွဲလည်း ပြုလုပ် ခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org