ဝန်ကြီး သူရဦးအောင်ကို ကို ရာထူးကနေ ၇ ရက်အတွင်း ဖယ်ရှားပေးဖို့ တောင်းဆို

သာသနာရေးဝန်ကြီး သူရဦးအောင်ကို ကို ရာထူးကနေ ဖယ်ရှားပေးဖို့နဲ့ ဆရာတော် ဦးဝီရသူ ကို တရားဟော ခွင့်ပြန်ပေးဖို့ အပါအဝင် တောင်း ဆိုချက် ၆ ချက်ကို ၇ ရက်အတွင်း အလေးထား ဆောင် ရွက်ပေးဖို့ ရန်ကုန်နဲ့ မန္တလေးမှာ ပြုလုပ်တဲ့ ကန့်ကွက်ရှုတ်ချ ပွဲမှာ အမျိုးသားရေး တက်ကြွလှုပ်ရှားသူတွေက တောင်းဆို လိုက်ပါတယ်။

သာသနာရေးဝန်ကြီး သူရဦးအောင်ကို ကို ရာထူးကနေ ဖယ်ရှားပေးဖို့ ဇွန်လ ၂၅ ရက်နေ့က ရန်ကုန်မြို့မြို့တော်ခန်းမရှေ့မှာ ဆန္ဒပြတောင်းဆိုစဉ် Photo: Aung Thain Kha/ RFA

သာသနာရေးဝန်ကြီး သူရဦးအောင်ကို ကို ရာထူးကနေ ဖယ်ရှားပေးဖို့နဲ့ ဆရာတော် ဦးဝီရသူ ကို တရားဟောခွင့်ပြန်ပေးဖို့ အပါအဝင် တောင်းဆိုချက် ၆ ချက်ကို ၇ ရက်အတွင်း အလေးထား ဆောင်ရွက်ပေးဖို့ ရန်ကုန်နဲ့ မန္တလေးမှာ ပြုလုပ်တဲ့ ကန့်ကွက်ရှုတ်ချပွဲမှာ အမျိုးသားရေး တက်ကြွလှုပ်ရှားသူတွေက တောင်းဆို လိုက်ပါတယ်။

ရန်ကုန်မြို့မြို့တော်ခန်းမရှေ့မှာ ပြုလုပ်တဲ့ ကန့်ကွက်ရှုတ်ချပွဲမှာ ကိုရဲမင်းဆွေ က အဲဒီတောင်းဆိုချက် တွေကို ဆောင်ရွက်မပေးရင် သပိတ်စခန်းဖွင့်ပြီးတောင်းဆို သွားမှာဖြစ်ကြောင်း သူတို့ရဲ့ ကြေညာချက်ကို ဖတ်ကြားခဲ့ပါတယ်။

ဝန်ကြီး သူရဦးအောင်ကို ရဲ့ လုပ်ဆောင်ချက်တွေနဲ့ ရပ်တည်ချက်တွေဟာ အစ္စလာမ်ဘာသာဝင်တွေဖက်ကနေ စဉ်းစားဆုံးဖြတ်နေကြောင်း၊ နိုင်ငံတော် သမ္မတ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ လွှတ်တော်ခေါင်းဆောင်တွေဟာ အမျိုးသားရေးသမားတွေရဲ့ တောင်းဆိုချက်တွေကို အလေးထား ဖြေရှင်းပေးဖို့ လည်း ကြေညာချက်မှာ ပါရှိပါတယ်။

ရန်ကုန်မြို့တော်ခန်းမရှေ့မှာ ကျင်းပတဲ့ ကန့်ကွက်ရှုတ်ချပွဲမှာ အမျိုးသားရေးတက်ကြွလှုပ်ရှားတဲ့ ရဟန်းသံဃာတွေနဲ့ လူပုဂ္ဂိုလ် ၂၀၀ နီးပါး ပါဝင်ခဲ့သလို မန္တလေး မြို့ပြည်သူ့ဟစ်တိုင်မှာ ကျင်းပတဲ့ ရှုတ်ချပွဲမှာလည်း အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ဝင်တွေ၊ မျိုးချစ်မြန်မာရဟန်း တော်များသမဂ္ဂ အဖွဲ့ဝင်တွေ၊ သီလရှင်တွေနဲ့ လူပုဂ္ဂိုလ်တွေ စုစုပေါင်း၂၀၀ ကျော် တက်ရောက်ခဲ့ပါတယ်။

အလားတူ ကန့်ကွက်ရှုတ်ချပွဲကို ပြီးခဲ့တဲ့ မေလ ၂၀ ရက်နေ့က နေပြည်တော်မှာ ပြုလုပ်ခဲ့ပြီး ဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org