တံတားဦးမြို့က စစ်တပ်အစောင့်ရှိတဲ့ Mytel တာဝါတိုင် ဖျက်ဆီးခံရ

မန္တလေးတိုင်း တံတားဦးမြို့နယ် သူငယ်တော်ရွာက စစ်ကောင်စီပိုင် မိုင်တယ် (Mytel) တာဝါတိုင် အကာအရံတွေကို အောက်တိုဘာလ ၁ ရက် ဒီနေ့ နေ့လယ် ၁၂ နာရီချိန်မှာ တံတားဦး ပြည်သူ့ကာကွယ်ရေးအဖွဲ့ (TPDF) က မီးရှို့ခဲ့ပြီး စက်ပုံးတွေ ကိုပါ မိုင်းခွဲဖျက်ဆီးခဲ့တယ်လို့ TPDF ကထုတ်ပြန်ပါတယ်။

တံတားဦး ပြည်သူ့ကာကွယ်ရေးအဖွဲ့ (TPDF) က မီးရှို့ခဲ့တဲ့ Mytel တာဝါတိုင်ကို ၂၀၂၁ အောက်တိုဘာ ၁ ရက်နေ့က တွေ့ရစဉ် Photo: CJ

မန္တလေးတိုင်း တံတားဦးမြို့နယ် သူငယ်တော်ရွာက စစ်ကောင်စီပိုင် မိုင်တယ် (Mytel) တာဝါတိုင် အကာအရံတွေကို အောက်တိုဘာလ ၁ ရက် ဒီနေ့ နေ့လယ် ၁၂ နာရီချိန်မှာ တံတားဦး ပြည်သူ့ကာကွယ်ရေးအဖွဲ့ (TPDF) က မီးရှို့ခဲ့ပြီး စက်ပုံးတွေကိုပါ မိုင်းခွဲဖျက်ဆီးခဲ့တယ်လို့ TPDF ကထုတ်ပြန်ပါတယ်။

အဲဒီ မိုင်တယ် (Mytel) တာဝါတိုင်မှာ စစ်ကောင်စီတပ်သားတွေ လုံခြုံရေးယူထားပြီး သံဇကာအပြင် ဝါးထရံနဲ့ပါ အကာအရံနှစ်ဆင့် ကာထားတာဖြစ်ပါတယ်။

စစ်အာဏာရှင်စနစ် ပျက်သုဉ်းတဲ့အထိ တိုက်ပွဲဝင်မယ်လို့လည်း တံတားဦး ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဆိုပါတယ်။

အခုတစ်ကြိမ်အပါဆိုရင် တံတားဦးမြို့နယ်ထဲက မိုင်တယ် (Mytel) တာဝါတိုင် ဖျက်ဆီးခံရတာ သုံးကြိမ်ရှိပြီလို့ ဒေသခံတွေက ပြောပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ ဖောက်ခွဲဖျက်ဆီးခဲ့တဲ့ ဆက်သွယ်ရေးတာဝါတိုင်ပေါင်း ၁၀၀ ကျော်လာပြီဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org