နာဂနဲ့ အိန္ဒိယ အစိုးရတပ်တွေ တိုက်ပွဲဖြစ်တယ်ဆိုတာမှားယွင်း

ပြီးခဲ့တဲ့ရက်ပိုင်းက အိန္ဒိယအစိုးရတပ်နဲ့ နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ တို့ မြန်မာနိုင်ငံ နယ်နိမိတ်ထဲမှာ တိုက်ပွဲဖြစ် ပွားခဲ့တယ်လို့ မီဒီယာအချို့ က ဖော်ပြတာတွေဟာ မှားယွင်းနေကြောင်း တပ်မတော် သတင်းမှန် ပြန်ကြားရေး အဖွဲ့က မနေ့ကရက်စွဲနဲ့ သတင်းထုတ်ပြန်ပါတယ်။

မြန်မာ - အိန္ဒိယ နယ်နိမိတ်အနီး တိုက်ပွဲဖြစ်ပွားရာပြမြေပုံ Photo: တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး/ Facebook

ပြီးခဲ့တဲ့ရက်ပိုင်းက အိန္ဒိယအစိုးရတပ်နဲ့ နာဂအမျိုးသား ဆိုရှယ်လစ်ကောင်စီတို့ မြန်မာနိုင်ငံ နယ်နိမိတ်ထဲမှာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ မီဒီယာအချို့ က ဖော်ပြတာတွေဟာ မှားယွင်းနေကြောင်း တပ်မတော်သတင်း မှန် ပြန်ကြားရေးအဖွဲ့က မနေ့ကရက်စွဲနဲ့ သတင်းထုတ်ပြန်ပါတယ်။

အိန္ဒိယ - မြန်မာနိုင်ငံနယ်စပ်ဖြစ်တဲ့ စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့ နယ် ထွေလောကျေးရွာအနီးမှာ ပြီးခဲ့တဲ့ သြဂုတ် ၁၉ ရက်နေ့က အိန္ဒိယအစိုးရတပ်နဲ့ နာဂအမျိုးသား ဆိုရှယ်လစ်ကောင်စီတို့ ၃ နာရီကြာ တိုက်ပွဲဖြစ်ခဲ့တယ်ဆိုပြီး သတင်းတွေ ထွက်ပေါ် ခဲ့ပါတယ်။

အဲ့ဒီတိုက်ပွဲတွေကြောင့် အိန္ဒိယအစိုးရဘက်က အကျအဆုံးများတာတွေ၊ အင်အား ၃၀ လောက်ရှိတဲ့ အိန္ဒိယ အစိုးရတပ်တွေက မြန်မာနိုင်ငံဧရိယာထဲအထိ ဝင်ရောက်ပစ်ခတ်တာတွေရှိတယ်ဆိုပြီး နာဂတပ်ဖွဲ့က ထုတ်ပြန်တဲ့ သတင်းပေါ် ကိုးကားပြီး ဖေ့စ်ဘွတ်စာမျက်နှာတွေနဲ့ အိန္ဒိယသတင်းမီဒီယာအချို့က ရေးသားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

အစိုးရတပ်မတော်ရဲ့ မြေပြင်သတင်း စိစစ်ချက်တွေအရ သြဂုတ် ၁၉ ရက်မှာ အိန္ဒိယနိုင်ငံဘက်က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်သံကို အိန္ဒိယ - မြန်မာနယ်စပ်မှာကြားနေရပေမယ့် သတင်းရရခြင်း တဘက်နိုင်ငံက လက်နက်ကိုင်အဖွဲ့တွေ မဝင်လာအောင် ပိတ်ဆို့ပြီး စောင့်ကြည့်နေတယ်လို့လည်း ဖော်ပြထားပါတယ်။

မြန်မာ့တပ်မတော်အနေနဲ့ နှစ်နိုင်ငံတပ်အချင်းချင်း တပ်စခန်းအဆင့် ဆွေးနွေးတာတွေလုပ်ပြီး ကိုယ့်နယ်မြေအလိုက် အပြိုင်ကင်းလှည့်တာ၊ သတင်းဖလှယ်ပြီး ပူးပေါင်းဆောင်ရွက်တာတွေ လုပ်နေတယ်လို့လည်း ပါရှိပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org