ရောဂါပိုးကူးစက်လူနာနဲ့ ထိတွေ့ခဲ့တဲ့ ရန်ကုန်တိုင်းဝန်ကြီး သီးသန့်နေထိုင်နေရ

ရန်ကုန်တိုင်းအစိုးရဝန်ကြီး ဦးနိုင်ငံလင်းဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူလူနာနဲ့ တွေ့ထိမှု ရှိခဲ့တဲ့အတွက် အသွားအလာကန့်သတ်ပြီး နေအိမ်မှာ ၁၄ ရက် သီးသန့် နေထိုင်နေရပါတယ်။

ရန်ကုန်တိုင်းအစိုးရဝန်ကြီး ဦးနိုင်ငံလင်း။ Facebook/ Naing Ngan Linn

ရန်ကုန်တိုင်းအစိုးရဝန်ကြီး ဦးနိုင်ငံလင်းဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူလူနာနဲ့ တွေ့ထိမှု ရှိခဲ့တဲ့အတွက် အသွားအလာကန့်သတ်ပြီး နေအိမ်မှာ ၁၄ ရက် သီးသန့် နေထိုင်နေရပါတယ်။

မနေ့က ပထမဆုံးတွေ့ရှိတဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါ ခံစားနေရသူ လူနာနှစ်ဦးထဲက အင်္ဂလန်ကပြန်လာသူတစ်ဦးနဲ့ ထိတွေ့ဆက်ဆံနိုင်ဖွယ် ရှိတာကြောင့်  အိမ်မှာပဲနေပြီး ရုံးအလုပ်တွေကို လုပ်နေတာဖြစ်ပါတယ်။

မတ်လ ၂၂ ရက်နေ့က အဂ်လန်ကပြန်လာတဲ့ ကျောင်းသားတွေကိုထားတဲ့ ရန်ကုန်တိုင်း လှည်းကူးမြို့မှာရှိတဲ့ ၁၄ ရက်စောင့်ကြည့်ရေးစခန်းကို ဦးနိုင်ငံလင်းသွားရောက်ခဲ့ပြီး ကျောင်းသားတွေနဲ့တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။

ဦးနိုင်ငံလင်းဟာ မြန်မာအစိုးရအဖွဲ့ရဲ့ ပထမဆုံးနေအိမ်မှာ ၁၄ ရက် စောင့်ကြည့်ခံရတဲ့ ဝန်ကြီးတစ်ဦးဖြစ်လာပါတယ်။

ဒီရောဂါပိုးကြောင့် နိုင်ငံတကာမှာလည်း ခေါင်းဆောင်တချို့နဲ့ အစိုးရ အဖွဲ့ဝင်တွေဟာ ဦးနိုင်ငံလင်းလိုပဲ ၁၄ ရက်နေအိမ်မှာနေနေကြရတာပါ။

ကနေဒါ ဝန်ကြီးချုပ် ဂျက်စတင်ထရူးရိုဒ့်ဆိုရင် သူ့ရဲ့အမျိုးသမီးမှာ ရောဂါပိုးကူးစက်ခံရတာကိုတွေ့ပြီးတဲ့နောက် အိမ်ကနေပဲနေပြီး ရုံးလုပ်ငန်းတွေကို လုပ်ဆောင်နေတာပါ။သူ့ဆီမှာ ရောဂါ လက္ခဏာတွေမပြပေမယ့်လည်း ဒီလိုအိမ်မှာ ၁၄ ရက်နေလိုက်တာဟာ တခြားသူကို ကူးစက်ဖို့အခွင့်အလမ်းနည်းသွားတာကြောင့်လို့လည်းဆိုပါတယ်။

ဂျာမနီ ဝန်ကြီးချုပ် Angela Merkel ဆိုရင်လည်း သူ့အိမ်မှာ ၁၄ ရက်စောင့်ကြည့်ခံနေရတာဖြစ်ပါတယ်။

သူဟာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရတဲ့ ဆရာဝန်တစ်ဦးနဲ့ ထိတွေ့ဆက်ဆံခဲ့တာတွေရှိတာကြောင့် အခုလိုနေနေရတာပါ။

ဒီရောဂါပိုးကူးစက်နှုန်းဟာ မြန်ဆန်နေတာကြောင့် အမေရိကန် ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေး ဆေးပညာဌာန CDC ကလည်း တိုက်တွန်းထားတာပါ။

မြန်မာနိုင်ငံမှာလည်း ရောဂါရှိသူနဲ့ ကူးစက်ခံရတဲ့သူနဲ့ ထိတွေ့ဆက်ဆံခဲ့တဲ့သူတွေကို ကိုယ့်ဘာသာကိုယ် နေအိမ်မှာ ၁၄ ရက်အသွားအလာကန့်သတ်ကြဖို့ ဦး နိုင်ငံလင်းက တိုက်တွန်းပါတယ်။

နိုင်ငံတကာက အစိုးရအဖွဲ့ဝင်ဝန်ကြီးတွေဟာ နည်းပညာတွေကိုအသုံးပြုပြီး ရုံးမသွားဘဲ အိမ်ကနေ အလုပ်လုပ်နေကြပေမယ့် မြန်မယအစိုးရအတွက်တော့ အဲ့ဒီလိူလုပ်ဖို့ အဆင်သင့်မဖြစ်သေးဘူးလို့လည်း ဦးနိုင်ငံလင်းကပြောပါတယ်။

လက်ရှိမြန်မာနိုင်ငံမှာ ဒီရောဂါကူးစက်ခံထားရတဲ့သူနှစ်ဦးရှိပါပြီလို့အစိုးရကကြေညာထားပါတယ်။

ဒီရောဂါကာကွယ်နိုင်ရေးအတွက် အကောင်းဆုံးနည်းလမ်းကတော့ လက်ကိုမကြာခဏ ဆေးကြောပေးဖို့ပါပဲလို့ နိုင်ငံတကာပညာရှင်တွေက ညွှန်ကြားထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org