ဝါရင့်နိုင်ငံရေးသမားကြီးနိုင်ငွေသိမ်း ကွယ်လွန်

မွန်အမျိုးသားပါတီဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ဝါရင့်နိုင်ငံရေးသမားကြီး နိုင်ငွေသိမ်း (အသက် ၉၅ နှစ်) ဟာ ၂ဝ၁၈ အောက်တိုဘာလ ၂ ရက်နေ့ ညနေပိုင်းက ရန်ကုန် ရန်ကင်းမြို့နယ်က နေအိမ်မှာ ကွယ်လွန်သွားပါတယ်။

(ဝါရင့်နိုင်ငံရေးသမားကြီးနိုင်ငွေသိမ်း ရေးသားသည့် “တော်လှန်ရေးနှင့် နိုင်ငံရေးခရီး” စာအုပ်မျက်နှာဖုံး။) Screnshot

မွန်အမျိုးသားပါတီဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ဝါရင့်နိုင်ငံရေးသမားကြီး နိုင်ငွေသိမ်း (အသက် ၉၅ နှစ်) ဟာ ၂ဝ၁၈ အောက်တိုဘာလ ၂ ရက်နေ့ ညနေပိုင်းက ရန်ကုန် ရန်ကင်းမြို့နယ်က နေအိမ်မှာ ကွယ်လွန်သွားပါတယ်။

နိုင်ငွေသိမ်းဟာ မြန်မာနိုင်ငံ လွတ်လပ်ရေးကြိုးပမ်းမှုမှာ ပါဝင်ခဲ့သူဖြစ်ပြီး၊ လွတ်လပ်ရေးရပြီးချိန်ကလို့ နိုင်ငံရေးပုဒ်မနဲ့ အကြိမ်ကြိမ် ဖမ်းဆီးအကျဉ်းချခံခဲ့ရပါတယ်။

၁၉၈၈ ခုနှစ် ဒီမိုကရေစီရေး လူထုအုံကြွမှုအပြီးမှာ မွန်အမျိုးသားဒီမိုကရေစီအဖွဲ့(MNDF) ကို ဦးဆောင်ထူထောင်ခဲ့သူတစ်ဦး ဖြစ်ပါတယ်။

၁၉၉ဝ ပြည့်နှစ် ရွေးကောက်ပွဲအပြီးမှာ ပါတီဖျက်သိမ်းခံရပြီးနောက် ၂ဝ၁၂ ခုနှစ်မှာ မွန်ဒီမိုကရေစီပါတီ (MDP) အမည်နဲ့ ပါတီကို ပြန်လည်မှတ်ပုံတင်ပြီး ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့ပါတယ်။

၂ဝ၁၄ ခုနှစ်မှာ မွန်ဒီမိုကရေစီပါတီကို မွန်အမျိုးသားပါတီအဖြစ် အမည်ပြောင်းလဲခဲ့ပြီး ဥက္ကဋ္ဌအဖြစ် ဦးဆောင်မှုပေးခဲ့သူလည်း ဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org