ဘာသာမတူသူတွေအကြား ယုံကြည်မှုရအောင် ထိတွေ့ဆက်ဆံဖို့လိုအပ်

ရခိုင်ပြည်နယ်မှာ ဗုဒ္ဓဘာသာတွေနဲ့ ရိုဟင်ဂျာ မူစလင်တွေအကြား အပြန်အလှန် ယုံကြည်မှု ရရှိအောင် ထိတွေ့ဆက်ဆံမှုတွေ၊ ဆွေးနွေးပြော ဆိုတာတွေ အခုထက်ပိုပြီး ဆောင်ရွက်ဖို့လိုအပ်နေတယ်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ အထူးအကြံပေးပုဂ္ဂိုလ် မစ္စတာ Vijay Nambiar က ပြောပါတယ်။ Al Arabiya ရုပ်သံသတင်းဌာနနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ မနေ့ က ပြောဆိုခဲ့တာပါ။

ရခိုင်ပြည်နယ်မှာ ဗုဒ္ဓဘာသာတွေနဲ ရိုဟင်ဂျာ မူစလင်တွေအကြား အပြန်အလှန် ယုံကြည်မှုရရှိအောင် ထိတွေ့ဆက်ဆံမှုတွေ၊ ဆွေးနွေးပြောဆိုတာတွေ အခုထက်ပိုပြီး ဆောင်ရွက်ဖို့လိုအပ်နေတယ်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ အထူးအကြံပေးပုဂ္ဂိုလ် မစ္စတာ Vijay Nambiar က ပြောပါတယ်။

Al Arabiya ရုပ်သံသတင်းဌာနနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ မနေ့က ပြောဆိုခဲ့တာပါ။

မြန်မာနိုင်ငံမှာ တကယ့်ကို အရေးတကြီး လက်ငင်းလိုအပ်နေတာက မတူကွဲပြားတဲ့ လူ့အဖွဲ့အစည်းနှစ်ရပ်ကြား အပြန်အလှန် ယုံကြည်မှုနဲ့ ထိတွေ့ဆက်ဆံမှုတွေ အများကြီးလိုအပ်နေတယ်ဆိုတာ အစိုးရကရော ၊ ဗုဒ္ဓဘာသာအသိုင်းအဝိုင်းက တချို့သူတွေ သိမြင်လာကြဖို့ဖြစ်ပါတယ်၊ တကယ်တော့ အကြမ်းဖက်မှုတွေ ဖြစ်ပွားခဲ့ရတာဟာ တရားဥပဒေမစိုးမိုးနိုင်တာကနေ ဘာသာလူမျိုးပဋိပက္ခအထိ ကြီးထွားသွားခဲ့ရတာပါ၊ အဲဒီနောက် ရိုဟင်ဂျာတွေရဲ့ တရားဝင်မှုအဆင့်အတန်းဆိုင်ရာ လက်ရှိပြဿနာဟောင်းအပါအဝင် တခြားကိစ္စတွေပါရောပြီး အရှိန်မြင့်သွားခဲ့ရတာဖြစ်ပါတယ်လို့ ပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီး မန်မာအစိုးရအနေနဲ့ ဘာသာလူမျိုးပဋိပက္ခဟာ နိုင်ငံ့ဂုဏ်သိက္ခာနဲ့ လက်ရှိပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ကို ထိခိုက်တယ်ဆိုတာ သဘောပေါက်ပါတယ်၊ အစိုးရအကူအညီနဲ့ ဘာသာပေါင်းစုံက ခေါင်းဆောင်တွေနဲ့ တွေ့ဆုံနိုင်ခဲ့ပါတယ်၊ အစိုးရအနေနဲ့ တတ်နိုင်သလောက် ဆောင်ရွက်နေပေမဲ့ မလုံလောက်သေးပါဘူး၊ အပြန်အလှန် ယုံကြည်မှုနဲ့ ထိတွေ့ဆက်ဆံမှုတွေ အများကြီးလိုအပ်နေပါတယ်၊ အကြမ်းဖက်ကိစ္စတွေမှာ အမှန်တကယ်ပါဝင်သူတွေကို အရေးယူအပြစ်ပေးရပါမယ်၊ ဒါမှသာ လူတွေမှာ လုံခြုံမှုမရှိဘူးဆိုတဲ့ ခံစားသိကို ပယ်ဖျောက်နိုင်ပြီး၊ အကာအကွယ်ပေးမယ့် တရားဥပဒေရှိတယ်ဆိုတဲ့ အသိရရှိလာမှာဖြစ်ပါတယ်လို့ မစ္စတာ Vijay Nambiar က ပြောကြားခဲ့ပါတယ်။

မစ္စတာ Vijay Nambiar ဟာ စက်တင်ဘာလဆန်းပိုင်းက မြန်မာနိုင်ငံကိုလာရောက်ခဲ့ပြီး ပဋိပက္ခဖြစ်ပွားခဲ့တဲ့နေရာတွေကို သွားရောက်ကြည့်ရှုလေ့လာခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org