ငြိမ်းချမ်းရေး နောက်မဆုတ်ဘူးလို့ ဝန်ကြီး ဦးအောင်မင်း ပြောကြား
ပြည်တွင်းငြိမ်းချမ်းရေးဖြစ်စဉ်ဟာ နောက် ဆုတ်သွားတာမရှိကြောင်းနဲ့ လာမယ့် စက်တင်ဘာလထဲလောက်မှာ တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး လက်မှတ်ထိုးနိုင်မယ်လို့ ယူဆကြောင်း ပြည်ထောင်စု ငြိမ်းချမ်းရေးဖေါ်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ဒီနေ့ ပြောလိုက်ပါတယ်။
-
2014-07-17 -
-
-
Your browser doesn’t support HTML5 audio
ပြည်တွင်းငြိမ်းချမ်းရေးဖြစ်စဉ်ဟာ နောက်ဆုတ်သွားတာ မရှိကြောင်းနဲ့ လာမယ့် စက်တင်ဘာလထဲလောက်မှာ တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး လက်မှတ်ထိုးနိုင်မယ် လို့ ယူဆကြောင်း ပြည်ထောင်စု ငြိမ်းချမ်းရေးဖေါ်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ဒီနေ့ ပြောလိုက်ပါတယ်။
ဒီနေ့ အမျိုးသားလွှတ်တော်ကို တက်ရောက်ခဲ့ပြီးနောက် သတင်းထောက်တွေကို ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ ပတ်သက်ပြီး ပြောခဲ့တာဖြစ်ပါတယ်။
"တိုင်းရင်းသားတွေကနေ သူတို့ခေါင်းဆောင်များ အစည်းအဝေးကို လိုင်ဇာမှာ အခုလာမယ့် ၂၃၊ ၂၄၊ ၂၅ မှာ အဲ့ပတ်ဝန်းကျင်မှာလုပ်ပါမယ်၊ သူတို့လိုင်ဇာ မှာ ဆွေးနွေးမယ့်အချက်တွေပေါ် မူတည်ပြီးတော့မှ ကျနော်တို့နဲ့ ပြန်ပြီးတော့ ဆွေးနွေးဖို့ရှိတယ်၊ ရန်ကုန် မှာ ကျနော်တို့ ဆွေးနွေးမှာပါ၊ သြဂုတ်လထဲ ရန်ကုန် မှာ ဆွေးနွေးပွဲလုပ်နိုင်ရင်တော့ သြဂုတ်လလကုန်လောက် စက်တင်ဘာလလောက်မှပဲ လက်မှတ်ထိုးနိုင်မှာပါ၊ အခုတိုက်ပွဲဖြစ်လည်း ဒါနောက်မဆုတ်ပါဘူး၊ ငြိမ်းချမ်းရေးကတော့ ရအောင်လုပ်မယ်"
လာမယ့် ဇူလိုင်လ ၂၃ ရက်နေ့ကနေ ၂၅ ပတ်ဝန်းကျင်မှာ လိုင်ဇာမြို့မှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေဘက် က ညီလာခံကျင်းပမှာ ဖြစ်ပါတယ်။
အစိုးရရဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီနဲ့ တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ NCCT တို့ အကြား အပစ်ခတ်ရပ်စဲရေးအတွက် ညှိနှိုင်းစရာအချက် ၃၅ ချက်သာ ကျန်တော့တယ်လို့သိရပါတယ်။
ဝန်ကြီးဦးအောင်မင်းရဲ့ လွှတ်တော်မှာ ရှင်းလင်းပြောဆိုချက်တွေကို RFA သတင်းထောက် မရတနာဦး စုစည်းတင်ပြထားတာ နားဆင်နိုင်ပါတယ်။