လူမျိုးအလိုက် နိုင်ငံရေးဆွေးနွေးပွဲတွေကိစ္စ ဆွေးနွေး

လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပခွင့်မရသေးတဲ့ နေရာတွေမှာ အမြန်ဆုံး ကျင်းပခွင့်ရဖို့ ဒီကနေ့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ငြိမ်းချမ်းရေးကော်မရှင်အဖွဲ့နဲ့ NCA အပစ်ရပ် ၈ ဖွဲ့ရဲ့ ခေါင်းဆောင်တွေ ဆွေးနွေးခဲ့ပါတယ်။

ချင်းမိုင်မြို့က Amora Tapae Hotel မှာ ငြိမ်းချမ်းရေး ကော်မရှင်အဖွဲ့နဲ့ အပစ်ရပ် ၈ ဖွဲ့ရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အလုပ်အဖွဲ့ PPWT တို့ သြဂုတ်လ ၃ ရက်နေ့က တွေ့ဆုံစဉ် Photo: Aung Moe Myint/RFA

လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပခွင့်မရသေးတဲ့ နေရာတွေမှာ အမြန်ဆုံးကျင်းပခွင့်ရဖို့ ဒီကနေ့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ငြိမ်းချမ်းရေးကော်မရှင်အဖွဲ့နဲ့ NCA အပစ်ရပ် ၈ ဖွဲ့ရဲ့ ခေါင်းဆောင်တွေ ဆွေးနွေးခဲ့ပါတယ်။

ချင်းမိုင်မြို့က Amora Tapae Hotel မှာ ငြိမ်းချမ်းရေး ကော်မရှင်အဖွဲ့က အတွင်းရေးမှူး ဦးခင်ဇော်ဦး ဦးဆောင်တဲ့ အဖွဲ့နဲ့ အပစ်ရပ် ၈ ဖွဲ့ရဲ့ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အလုပ်အဖွဲ့ PPWT တို့ တွေ့ဆုံဆွေးနွေးကြတာ ဖြစ်ပါတယ်။

ငြိမ်းချမ်းရေး ကော်မရှင်အဖွဲ့ အကြံပေးအရာရှိ ဦးလှမောင်ရွှေက လူမျိုးအလိုက် အမျိုးသားအဆင့် နိုင် ငံရေးဆွေးနွေးပွဲတွေ ကျင်းပနိုင်ဖို့အတွက် ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC အစည်းအဝေးမှာ ဆက်လက်ဆွေးနွေးရဦးမှာဖြစ်တယ်လို့ ပြောပါတယ်။

"ကျနော်တို့ ဒီနေ့ ဆွေးနွေးပွဲကတော့ သဘောတူညီချက်လုပ်တာ မဟုတ်ပါဘူး။ သူက လုပ်ငန်းညှိနှိုင်း ပွဲဖြစ်တယ်၊ ဒါပေမဲ့ အပြန်အလှန်အများကြီး တစ်နေ့လုံး ဆွေးနွေးနိုင်တဲ့ အတွက်တော့ နှစ်ဘက်လုံးက ပိုတော့ နားလည်မှုတွေ ပိုရှိလာတယ် ယုံကြည်မှုတွေလည်း ပိုရှိလာတယ်။ တော်တော်လည်း ပိုအားတက်ပါတယ်။ ဆိုတော့ အခု ကျနော်တို့သွားတဲ့ လုပ်ငန်းစဉ်က ညှိနှိုင်းတာ ဖြစ်တဲ့အတွက် ဘယ်တော့လုပ်မလဲ ဆိုတာကိုလည်း ကျနော်တို့ UPDJC မှာ ညှိနှိုင်းရမယ်။ အဲဒီမှာ သဘောတူတဲ့ရက်မှ ကျနော်တို့ ညှိနှိုင်းဆောင်ရွက်မှာဖြစ်တဲ့ အတွက် ကျနော်တို့ဘက်ကတော့ နိုဝင်ဘာလကုန် ဒါမှမဟုတ် ဒီဇင်ဘာလဆန်းထက်နောက်မကျပဲ ဆောင် ရွက်နိုင်မယ်ဆိုရင်တော့ ပိုပြီးတော့ကောင်းမွန်မယ်လို့ တင်ပြတာပဲရှိတယ် တကယ်တန်းကတော့ UPDJC မှာ ညှိနှိုင်းရမှာပဲ"

ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC အစည်းအဝေးကိုတော့ အတွင်းရေးမှူး အဖွဲ့ကနေတဆင့် တင်ပြဆောင်ရွက်ရမှာဖြစ်တဲ့အတွက် အခုလ သြဂုတ်လ အတွင်းမှာ ခေါ်ယူကျင်းပဖို့ စီစဉ်ကြမှာဖြစ်တယ်လို့ သိရပါတယ်။

ဒီကနေ့ ညှိနှိုင်းဆွေးနွေးပွဲကို ငြိမ်းချမ်းရေး ကော်မရှင် အတွင်းရေးမှူး ဦးခင်ဖော်ဦး၊  ဦးအောင်ကြည်၊ ဦးအောင်စိုး၊ ဦးလှမောင်ရွှေ၊ ဒေါက်တာ မင်းဇော်ဦးနဲ့ ဦးကျော်လင်းဦးတို့ ပါဝင်တက်ရောက်ခဲ့ပြီး အပစ်ရပ် ၈ ဖွဲ့ဘက်ကတော့ ပဒိုစောကွယ်ထူးဝင်း ဦးဆောင်ပြီး အဖွဲ့ဝင် ၇ ဦး တက်ရောက်ခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org