မျိုးစောင့် ဥပဒေ ပြဌာန်းရေး ထောက်ခံ လက်မှတ် ၂ သန်းကျော်ရရှိ
ဗုဒ္ဓဘာသာဝင် မြန်မာအမျိုးသမီးတွေ ဘာသာခြားနဲ့အိမ်ထောင်ပြုတာကို ထိန်းချုပ်ဖို့အတွက် မျိုးစောင့်ဥပဒေပြဌာန်းရေး ကို ထောက်ခံကြောင်းလက်မှတ်တွေကို တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ စုဆောင်းကောက်ခံနေရာမှာ ဒီကနေ့ သြဂုတ်လ ၁၇ ရက်နေ့အထိ လက်မှတ်ပေါင်း ၂ သန်းကျော် ရရှိနေပြီလို့ ဦးဆောင်လှုပ်ရှားနေတဲ့ မစိုးရိမ်တိုက်သစ် ဆရာတော် ဦးဝီရသူက မိန့်ပါတယ်။
-
2013-07-17 -
-
-
ဗုဒ္ဓဘာသာဝင် မြန်မာအမျိုးသမီးတွေ ဘာသာခြားနဲ့အိမ်ထောင်ပြုတာကို ထိန်းချုပ်ဖို့အတွက် မျိုးစောင့်ဥပဒေပြဌာန်းရေးကို ထောက်ခံကြောင်းလက်မှတ်တွေကို တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ စုဆောင်းကောက်ခံနေရာမှာ ဒီကနေ့ သြဂုတ်လ ၁၇ ရက်နေ့အထိ လက်မှတ်ပေါင်း ၂ သန်းကျော်ရရှိနေပြီလို့ ဦးဆောင်လှုပ်ရှားနေတဲ့ မစိုးရိမ်တိုက်သစ်ဆရာတော် ဦးဝီရသူက မိန့်ပါတယ်။
အထက်မြန်မာပြည်အတွက် ဒီကနေ့လာရောက်အပ်နှံတဲ့ လက်မှတ်စုစုပေါင်း ၉ သိန်းကျော်ရှိတယ်လို့ ဆရာတော်က RFA ကို မိန့်ပါတယ်။
"ဦးဇင်းဆီ လာရောက်အပ်နှံတဲ့အားလုံးပေါင်းက ၉ သိန်း ၇ သောင်းကျော်တယ်၊ လွန်ခဲ့တဲ့ ၁ဝ ရက်လောက်က ဦးဇင်းဆီမှာ ၅ သိန်းကျော်ရတုန်းက အောက်မြန်မာပြည် အရှင်ပညာဝရက ၁ သန်းခွဲကျော်ကျော်ရထားတာပေါ့၊ အားလုံးပေါင်း ၂ သန်းကျော်ပြီ၊ အခုထပ်ပြီး ဦးဇင်း ၃ သိန်းကျော်ကျော်ထပ်ပို့လိုက်တဲ့ကိစ္စနဲ့ ပတ်သက်ပြီး အားလုံးက ၂ သန်းကျော်တယ်ဆိုတာသေချာတယ်"
ဒီဥပဒေကိုထောက်ခံကြောင်း လက်မှတ်တွေကို အထက်မြန်မာပြည်အတွက် မစိုးရိမ်တိုက်သစ်ရဲ့ နာယကဆရာတော် ဦးဝီရသူက ဦးဆောင်ကောက်ယူနေပြီး အောက်မြန်မာပြည်အတွက် ဆရာတော် ဦးပညာဝရက ကောက်ယူနေတာဖြစ်ပါတယ်၊၊
လက်မှတ်ကောက်ခံမှုကို ဇူလိုင် ၁၇ ရက်နေ့ ဒီကနေ့ နောက်ဆုံးရက်အဖြစ် သတ်မှတ်ထားပြီး နိုင်ငံရေးပါတီတွေကလဲ ကူညီစုဆောင်းပေးခဲ့တယ်လို့ သိရပါတယ်။ ကောက်ခံရရှိတဲ့ လက်မှတ်တွေကို အင်းစိန်ရွာမ ပရိယတ္တိစာသင်တိုက် ဆရာတော်ထံပေးပို့ပြီး မျိုးစောင့်ဥပဒေမူကြမ်းနဲ့အတူ လွှတ်တော်ကို တင်ပြမှာဖြစ်ပါတယ်။
မျိုးစောင့်ဥပဒေကို အတည်ပြုပြဌာန်းရေးကို ဇွန်လ၂၇ ရက်ကကျင်းပတဲ့ သံဃာ့ညီလာခံက ဆုံးဖြတ်ခဲ့တာဖြစ်ပြီး လူ့အခွင့်အရေးလှုပ်ရှားသူတွေကတော့ ဒီဥပဒေဟာ လူ့အခွင့်အရေး ချိုးဖောက်မှုတစ်ရပ်ဖြစ်တယ်ဆိုပြီး ကန့်ကွက်နေကြပါတယ်။