နိုင်ငံလုံးဆိုင်ရာ ကျောင်းသား အစည်းအဝေး ကျင်းပခွင့် ပိတ်ပင်ခံရ


2014.11.04

လာမယ့် နိုဝင်ဘာလ ၁၂ ရက်နဲ့ ၁၃ ရက်နေ့မှာကျင်းပဖို့ ပြင်ဆင်ထားတဲ့ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားထု အရေးပေါ် အစည်းအဝေးကို ကျင်းပခွင့်မပြုကြောင်း မရမ်းကုန်းမြို့နယ်အုပ်ချုပ်ရေးမှူးက အစည်းအဝေး ကျင်းပမယ့် ခဝဲခြံမျက်မမြင်ကျောင်း တာဝန်ရှိသူတွေထံ အကြောင်းကြားတယ်လို့ သိရပါတယ်။

နိုဝင်ဘာလ ၁၂ ရက်နဲ့ ၁၃ ရက်နေ့တွေမှာ အာဆီယံ ထိပ်သီးအစည်းအဝေးကျင်းပမှာ ဖြစ်တာကြောင့် ခွင့်မပြုနိုင်ကြောင်း ပြောတာဖြစ်တယ်လို့ အစည်းအဝေးဖြစ်မြောက်ရေး လုပ်ငန်းအဖွဲ့ ပြန်ကြားရေးတာဝန်ခံ ကိုမင်းသူက ပြောပါတယ်။

"ကျနော်တို့ပွဲကျင်းပဖို့ လျာထားတဲ့ ခဝဲခံမျက်မမြင်ကျောင်းမှာ မရမ်းကုန်းမြို့နယ် အုပ်ချုပ်ရေးမှူးနဲ့ စခန်းမှူး ၂ ယောက်လာတယ်၊ လာပြီးတော့ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားထု အရေးပေါ်အစည်းအဝေးကို ကျင်းပချင်ရင် သူတို့ဆီမှာခွင့်ပြုမိန့်တင် ကျလာပြီးတော့မှပဲ လုပ်ပိုင်ခွင့်ရှိပါတယ်လို့ သူတို့ကလာပြောတယ်၊ နောက်ခွင့်ပြုချက် တင်လို့ ကျလာမယ်ဆိုရင် ကျနော်တို့လျာထားတဲ့ ၁၂၊ ၁၃ မှာ ကျင်းပလို့မရပါဘူးတဲ့၊ နောက်ပိုင်းမှပဲ ကျင်းပ လို့ရမယ်ပေါ့နော်၊ ဘာကြောင့်လဲဆိုတော့ အဲဒီ့ရက်တွေမှာ အာဆီယံထိပ်သီး အစည်းအဝေးရှိတယ်လို့ပြောတယ်'

နှစ်ရက်ကြာကျင်းပမယ့် ကျောင်းသားထု အရေးပေါ် အစည်းအဝေးရဲ့ ပထမရက်မှာ အမျိုးသားပညာရေး ဥပဒေနဲ့ ပတ်သက်ပြီး ဆွေးနွေးမှာဖြစ်သလို ကျောင်းသား ကျောင်းသူတွေရဲ့ အခက်အခဲတွေကို ဆွေးနွေးကြမှာဖြစ်တယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။