NCA လမ်းကြောင်းကို ပြန်လည်သုံးသပ်သင့်တယ်လို့ KNU ဒုတိယ ဥက္ကဋ္ဌဟောင်း ပြော
အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ ငြိမ်းချမ်းရေး အကောင်အထည်ဖော်မှုမှာ NCA လမ်းကြောင်းအတိုင်း သွားနေတဲ့လမ်းစဉ်ကို ပြန်လည်သုံးသပ်ဆွေးနွေးသင့်တယ်လို့ KNU ဒု-ဥက္ကဋ္ဌဟောင်း တစ်ဦးဖြစ်သူ ပဒို နော်စီဖိုးရာစိန်က ပြောကြားလိုက်ပါတယ်။
-
2018-11-07 -
-
-
အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ ငြိမ်းချမ်းရေး အကောင်အထည်ဖော်မှုမှာ NCA လမ်းကြောင်းအတိုင်း သွားနေတဲ့လမ်းစဉ်ကို ပြန်လည်သုံးသပ်ဆွေးနွေးသင့်တယ်လို့ KNU ဒု-ဥက္ကဋ္ဌဟောင်း တစ်ဦးဖြစ်သူ ပဒို နော်စီဖိုးရာစိန်က ပြောကြားလိုက်ပါတယ်။
KNU ဗဟိုကော်မတီ အရေးပေါ်အစည်းအဝေးကို နိုဝင်ဘာလ ၆ ရက်နေ့ မနေ့က ဘားအံခရိုင်၊ လေးဝါး၊ လော် ခီးလာမှာ စတင်ကျင်းပနေတာနဲ့ပတ်သက်ပြီး RFA ကဆက်သွယ်မေးမြန်းရာမှာ အဲဒီ လို ပြောကြားလိုက်တာဖြစ်ပါတယ်။
NCA လက်မှတ်ထိုးပြီးသားအဖွဲ့တွေရဲ့ ၃ နှစ်ကြာခရီးစဉ်အတွင်း ရလဒ်တွေအရ တစ်ဆို့ နေတဲ့ အခက်အခဲတွေနဲ့ ပတ်သက်လို့ တိုင်းရင်းသားလက်နက်ကိုင်အဖွ့ဲတွေအားလုံး ပြန်လည်သုံးသပ်ဖို့လို အပ်တယ်လို့လည်း နော်စီဖိုးရာစိန်က ပြောပါတယ်။
ဥပမာအနေနဲ့ အောက်တိုဘာလ ၁၅ ရက်နေ့က နေပြည်တော်မှာ အစိုးရ၊ တပ်မတော်နဲ့ အပစ်ရပ်တိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ ဆွေးနွေးပွဲမှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က NCA အနေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအောက်မှာ ဆက်လက်သွားရမယ်ဆိုတဲ့ မိန့်ခွန်းအပေါ် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေအနေနဲ့ လက်ခံသင့်မသင့်ကို ပြန်လည်သုံးသပ်သင့်တယ်လို့ ပြောပါတယ်။
KNU အဖွဲ့အတွင်း ပြဿနာတွေက အရေးကြီးတဲ့အချက်တွေ မဟုတ်ဘဲ တိုင်းရင်းသားတွေ မျှော်မှန်း ထားတဲ့ နိုင်ငံရေးပြဿနာတွေကို ဖြေရှင်းနိုင်ဖို့က အရေးကြီးတယ်လို့လည်း ပြောပါတယ်။
နော်စီဖိုးရာစိန်ရဲ့ ပြောကြားချက်နဲ့ KNU ဗဟိုကော်မတီ အရေးပေါ်အစည်းအဝေး ဒီနေ့ ဒုတိယမြောက်နေ့ ပတ်သက်လို့ KNU ကို RFA က ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။
၂၀၂၀ ပြည့်နှစ်မတိုင်မီ ၂၁ ရာစုပင်လုံညီလာခံကို ၃ ကြိမ်ကျင်းပပြီး ဒီမိုကရေစီနဲ့ ဖက်ဒရယ် အခြေခံ မူတွေကို ချမှတ်မယ်လို့ အစိုးရနဲ့ သဘောတူထားခဲ့ပေမယ့် နက်ရှိုင်းတဲ့ကွာဟချက်တွေကို အဖြေရှာဖို့ လိုနေသလို တဖက်မှာလည်း NCA ပါ အချက်တွေကို အကောင်အထည်မဖော်နိုင်သေးတာ ရှိနေ တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒီသတင်းကို RFA သတင်းထောက် ကိုကျော်သူ ပေးပို့လိုက်တာပါ။