NLD ကိုယ်စားလှယ်လောင်း နော် လှလှစိုး စတင်မဲဆွယ်


2015.09.16
susanna-soe-nld-candidates-620.jpg NLD ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်မယ့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါ်နော်လှလှစိုးကို တွေ့ရစဉ်
Photo: Tun Myint/RFA

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်မယ့် အမျိုးသားလွှတ်တော်ကိုယ်စား လှယ်လောင်း နော်လှလှစိုးဟာ ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်က ပျဉ်းမပင်နဲ့ ရွာမရပ်ကွက်တွေမှာ ဒီနေ့ မဲဆွယ်စည်းရုံးခဲ့ပါတယ်။

စစ်တပ်မိသားစုဝင် အများအပြားနေထိုင်တဲ့ မင်္ဂလာဒုံမြို့နယ်လူထုက NLD ကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုခဲ့ကြတယ် လို့ ဒေါ်နော်လှလှစိုးက ပြောပါတယ်။

"မဲဆန္ဒရှင် ပြောရမယ်ဆိုရင် ၉၉ ရာခိုင်နှုန်းပေါ့လေ၊ သူတို့ လိုလိုလားလား NLD ကို မဲပေးမယ်၊ အမေစုပေါ့၊ အဲ့ဒါလေးတွေ ကတိကဝတ်လေးတွေပြုကြတယ်၊ စစ်တပ် ထဲတော့ကျမတို့မဝင်ရသေးဘူး၊ အပြင်ဘက်မှာဆိုရင် စစ်တပ်ဝန်ထမ်းဟောင်းတွေ ရှိတယ်၊ သူတို့ကအစ NLD ကိုမဲပေးမယ်၊ ကျနော်တို့တိုင်းပြည် အပြောင်းအလဲအတွက် ဆိုတာလေးတွေကြားရတဲ့အခါမှာ ဒီတစ်ခေါက်လည်း ကျမယုံကြည်ပါတယ်၊ NLD ပဲနိုင်မှာပါ၊ မင်္ဂလာဒုံမြို့နယ်မှာ"

လွန်ခဲ့တဲ့ ၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲကျင်းပခဲ့စဉ်က တပ်မတော်မိသားစုတွေ အများအပြားရှိတဲ့ မင်္ဂလာဒုံနယ်မြေ မှာ မဲလိမ်မူ ၊ မဲမသမာမူတွေရှိခဲ့တယ် လို့ ကျော်ကြားခဲ့ပေမယ့် ဒီတစ်ကြိမ်ရွေးကောက်ပွဲမှာတော့ မဲရုံစောင့် ကြည့်ရေးဝန်ထမ်း တွေကို NLD ပါတီက အလုံအလောက် ထားရှိသွားမယ်လို့ ပြောပါတယ်။

နော်လှလှစိုးဟာ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်းတစ်ဦးအဖြစ် အင်းစိန်မြို့နယ်နဲ့ မင်္ဂလာဒုံမြို့နယ် က ဝင်ရောက်ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။

နော်လှလှစိုးကို RFA သတင်းထောက် ကိုသီဟထွန်း တွေ့ဆုံမေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။