မြန်မာအမျိုးသမီး တက်ကြွလှုပ်ရှားသူတွေ ငြိမ်းချမ်းရေးဆု ရရှိ

ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအစီအစဉ် UNDP ရဲ့ အာရှ-ပစိဖိတ် ဒေသဆိုင်ရာဌာနက ချီးမြှင့်တဲ့ N-Peace Awards ဆိုတဲ့ ငြိမ်းချမ်းရေးဆုကို ၂၀၁၄ ခုနှစ်အတွက် မြန်မာနိုင်ငံက နော်အုန်းလှနဲ့မသန္တာတို့ ဦးဆောင်ပါဝင်တဲ့ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေး အမျိုးသမီး ကွန်ရက်အဖွဲ့နဲ့ တစ်ဦးချင်းအဖြစ် နိုင်ငံရေးအကျဉ်း သူဟောင်း မဝေဝေနုနဲ့ တိုင်းရင်းသားအရေးလှုပ်ရှားသူ မိခင်ခင်ကြူတို့ရရှိပါတယ်။

အခကြေးငွေယူပြီး ဆန္ဒပြတယ်ဆိုတဲ့ သမ္မတရဲ့ပြောဆိုချက် ကို မကျေနပ်တဲ့အတွက် မေလ ၂၃ ရက်နေ့က ရန်ကုန်မြို့ မှာ နော်အုန်းလှနဲ့အဖွဲ့ ဆန္ဒပြနေကြစဉ် photo : RFA / Myo Zaw Ko

ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအစီအစဉ် UNDP ရဲ့ အာရှ-ပစိဖိတ် ဒေသဆိုင်ရာဌာနက ချီးမြှင့်တဲ့ N-Peace Awards ဆိုတဲ့ ငြိမ်းချမ်းရေးဆုကို ၂၀၁၄ ခုနှစ် အတွက် မြန်မာနိုင်ငံက နော်အုန်းလှနဲ့မသန္တာတို့ ဦးဆောင်ပါဝင်တဲ့ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေး အမျိုးသမီး ကွန်ရက်အဖွဲ့နဲ့ တစ်ဦးချင်းအဖြစ် နိုင်ငံရေးအကျဉ်း သူဟောင်း မဝေဝေနုနဲ့ တိုင်းရင်းသားအရေးလှုပ်ရှားသူ မိခင်ခင်ကြူတို့ရရှိပါတယ်။

ဒီဆုဟာ အာရှတိုက်အတွင်း ငြိမ်းချမ်းရေး၊ လုံခြုံရေးနဲ့ အမျိုးသမီးရေးရာတွေမှာ တက်တက်ကြွကြွ ဆောင် ရွက်နေသူတွေကို ရွေးချယ်ချီးမြှင့်တာဖြစ်ပါတယ်။ အခုလိုဆုရရှိတာနဲ့ပတ်သက်လို့ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေး အမျိုးသမီးကွန်ရက်အဖွဲ့ က နော်အုန်းလှက RFA ကို အခုလိုပြောပါတယ်။

"ကျမက ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေး အမျိုးသမီးကွန်ရက်ပါ၊ ကျမတို့အဖွဲ့အစည်းကို ပေးတာလို့ပြောတယ် ပြီးတော့ ဝေဝေနု တို့ပါတယ်"

ဒီဆုကို ၂၀၁၁ ခုနှစ်ကစလို့နှစ်စဉ်ချီးမြှင့်နေပြီး၊ သြစတေးလျ နိုင်ငံတကာဖွံ့ဖြိုးမှုအေဂျင်စီ AusAID က ပံ့ပိုးကူညီနေပါတယ်။ အခု ၂၀၁၄ ခုနှစ်အတွက် ဆုတွေမှာတော့ မြန်မာနိုင်ငံက အမျိုးသမီးတွေနဲ့အတူ ဖိလစ်ပိုင်၊ အာဖဂန်နစ္စတန်၊ အင်ဒိုနီးရှား၊ နီပေါနဲ့ပါကစ္စတန်နိုင်ငံတို့က အမျိုးသမီး ၁ ဦးစီ၊ အာဖဂန်နစ္စတန်နဲ့ ပါကစ္စတန်က အမျိုးသား ၁ ဦးစီရရှိကြောင်း ကြေညာထားပါတယ်။

အခုသြဂုတ်လနဲ့စက်တင်ဘာလမှာ ဆုရသူတွေကို မှတ်တမ်းရုပ်ရှင်တိုတွေ ရိုက်ကူးထုတ်လုပ်မှာဖြစ် ပြီး အောက်တိုဘာလမှာတော့ ဆုချီးမြှင့်ပွဲကျင်းမယ်လို့ ဆုရွေးချယ်ရေးအဖွဲ့ရဲ့ အင်တာနက်စာမျက်နှာ မှာ ဖေါ်ပြထားပါတယ်။

အခုလိုဆုရရှိတာနဲ့ပတ်သက်လို့ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးအမျိုးသမီးကွန်ရက်အဖွဲ့က နော်အုန်းလှကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော်ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org