နေပြည်တော် အာဆီယံဆွေးနွေး ပွဲ မြောက်ကိုရီးယား တက်ရောက် ဖွယ်ရှိ
လာမယ့် သြဂုတ်လအစောပိုင်း မြန်မာနိုင်ငံ မှာကျင်းပမယ့် ARF ခေါ် အာဆီယံဒေသ တွင်း နှီးနှောဖလှယ်ပွဲကို မြောက်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီးသစ် တက်ရောက်ဖွယ်ရှိတယ်လို့ တောင်ကိုရီးယား သံတမန်အသိုင်းအဝိုင်းက ပြောဆိုကြောင်း The Korea Times သတင်းက ဖေါ်ပြပါတယ်။
-
2014-07-21 -
-
-
လာမယ့် သြဂုတ်လအစောပိုင်း မြန်မာနိုင်ငံမှာကျင်းပမယ့် ARF ခေါ် အာဆီယံဒေသတွင်း နှီးနှောဖလှယ်ပွဲ ကို မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးသစ် တက်ရောက်ဖွယ်ရှိတယ်လို့ တောင်ကိုရီးယား သံတမန် အသိုင်းအဝိုင်းက ပြောဆိုကြောင်း The Korea Times သတင်းက ဖေါ်ပြပါတယ်။
ဒီနှစ် အာဆီယံဒေသတွင်း နှီးနှောဖလှယ်ပွဲ ARF ကို သြဂုတ်လ ၉ ရက် နဲ့ ၁ဝ ရက် နှစ်ရက်ကြာ နေပြည်တော် မှာ ကျင်းပမှာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဧပြီလက မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး သစ် အဖြစ် ခန့်အပ်ခံခဲ့ရတဲ့ ရီဆုယောင်ဟာ မြန်မာ နိုင်ငံကို သြဂုတ်လ ၉ ရက်နေ့မှာ ရောက်ရှိမှာဖြစ်ပြီး၊ ၁ဝ ရက်နေ့မှာ ARF ဆွေးနွေးပွဲတက်ရောက်မယ်လို့ သိရ ပါတယ်။
မြောက်ကိုရီးယားအနေနဲ့ တောင်ကိုရီးယားမှာကျင်းပမယ့် အာရှအားကစားပွဲတော်မှာ ပါဝင်ချင်နေတဲ့အတွက် မြန်မာနိုင်ငံ နေပြည်တော် ARF ဆွေးနွေးပွဲအတွင်း မြောက် ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး ရီဆုယောင်ဟာ တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး ယန်ဗျောင်ဆီနဲ့ ဆွေးနွေးပြောဆို ဖွယ်ရှိတယ်လို့ ခန့်မှန်းကြပါတယ်။
ဒါပေမဲ့ တချို့ကတော့ မြောက်ကိုရီးယားဟာ မကြာခင်က နှစ်နိုင်ငံနယ်စပ်မှာ ဒုံးကျည်စမ်းသပ်မှုတွေ ဆက်တိုက်လုပ် ခဲ့တဲ့အတွက် နှစ်ဘက်စကားပြောဖို့ ဖြစ်နိုင်ခြေမရှိဘူးလို့ ဆိုပါတယ်။
မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး ရီဆုယောင်ဟာ အာဆီယံဒေသတွင်း နှီးနှောဖလှယ်ပွဲအပြီး၊ ဇူလိုင် ၁၁ ရက်နေ့ မှာ မြန်မာနိုင်ငံကနေ အင်ဒိုနီးရှားကို ဆက်လက်သွားရောက်မယ်လို့ သိရပါတယ်။