ဒရုန်းလွှတ်တင်စဉ် ဖမ်းဆီးခံရသူတွေအမှု ချေဖျက်ဖို့ လျှောက်ထားမည်

တူရကီနိုင်ငံအခြေစိုက် TRT သတင်းဌာနက သတင်းထောက် နှစ်ဦး၊ စကားပြန်အဖြစ် လိုက်ပါသူ ကိုအောင်နိုင်စိုးနဲ့ ယာဉ်မောင်းတစ်ဦး စုစုပေါင်း လေးဦးအမှုကို ချေဖျက်ဖို့ တရားလွှတ်တော်ချုပ်ထံ လျှောက်ထားသွားမယ်လို့ ရှေ့နေ ဦးခင်မောင်ဇော်က ဒီနေ့ ပြောပါတယ်။

လွှတ်တော်အဆောက်အအုံကို ဒရုန်းသုံးပြီး မှတ်တမ်းတင်ဖို့ ကြိုးစားတဲ့ တူရကီအခြေစိုက် TRT သတင်းဌာနက သတင်းထောက် တစ်ဦးကို နေပြည်တော် ဇမ္ဗူသီရိမြို့နယ် တရားရုံးမှာ နိုဝင်ဘာလ ၂၇ ရက်နေ့က ရုံးထုတ်စဉ် Photo: Kyaw Zaw Win/RFA

တူရကီနိုင်ငံအခြေစိုက် TRT သတင်းဌာနက သတင်းထောက် နှစ်ဦး၊ စကားပြန်အဖြစ် လိုက်ပါသူ ကိုအောင်နိုင်စိုးနဲ့ ယာဉ်မောင်းတစ်ဦး စုစုပေါင်း လေးဦးအမှုကို ချေဖျက်ဖို့ တရားလွှတ်တော်ချုပ်ထံ လျှောက်ထားသွားမယ်လို့ ရှေ့နေ ဦးခင်မောင်ဇော်က ဒီနေ့ ပြောပါတယ်။

ပြစ်မှုတစ်ခုအပေါ်မှာ ပြစ်ဒဏ် နှစ်ခါချမှတ်တဲ့အတွက် ခရိုင်တရားရုံးမှာ အယူခံတက်တာနဲ့ တရားလွှတ်တော်ချုပ်ကို အမှုချေဖျက်ဖို့ လျှောက်ထားသွားမှာ ဖြစ်တယ်လို့ ရှေ့နေ ဦးခင်မောင်ဇော် က ပြောပါတယ်။

"သွင်းကုန်ထုတ်ကုန်အမှုဟာ ဒရုန်းလွှတ်တင်တာနဲ့ တဆက်တည်း ပြစ်မှုတစ်ခုတည်းကို ပြစ်ဒဏ်နှစ်ခါချတယ် ဆိုပြီးတော့ အဲဒီမူအပေါ်မှာ ကျနော်တို့ ဆက်တက်ဦးမှာပါ၊ နှစ်နည်းရှိပါတယ်၊ တစ်နည်းက ခရိုင်တရားရုံးကို ပြင်ဆင်ပြီးတက်ပါမယ်၊ နောက်တခါ တရားလွှတ်တော်ကို အမှုကိုချေဖျက်ဖို့ လျှောက်ပါမယ်"

နေပြည်တော် လွှတ်တော်ကို ဒရုန်းလွှတ်တင်ပြီး ရိုက်ကူးဖို့ ပြင်ဆင်နေစဉ် အဖမ်းခံခဲ့ရသူ လေးဦးကို လေယာဉ် ပျံသန်းမှုဥပဒေ အပါအဝင် ပုဒ်မ ၈ သွင်းကုန်ထုတ်ကုန်ဥပဒေနဲ့ တရားစွဲဆိုလိုက်တာဖြစ်ပါတယ်။

အဲဒီလိုတရားစွဲဆိုထားတဲ့  ပုဒ်မတွေထဲက လေယာဉ်ပျံသန်းမှု ဥပဒေအတွက် ၄ ယောက်စလုံးကို နိုဝင်ဘာလ ၁၀ ရက်နေ့က ထောက်ဒဏ် ၂ လစီ ကျခံဖို့ အမိန့်ချမှတ်လိုက်ပြီးဖြစ်ပါတယ်။

ခရိုင်တရားရုံးကို အယူခံတက်ဖို့လည်း တစ်လအတွင်း ဆောင်ရွက်ရမှာဖြစ်လို့ ဆက်တိုက်လုပ်ဆောင်သွားမယ်လို့ ဦးခင်မောင်ဇော် က ပြောပါတယ်။

ခြောက်ကြိမ်မြောက် တရားရုံးထုတ်ကို လာမယ့် ဒီဇင်ဘာလ ၁၁ ရက်နေ့မှာ ဆက်လက်ဆောင်ရွက်မှာဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org