နေပြည်တော်မှ ဒေသခံတောင်သူ များကျူးကျော်သူအဖြစ် ရုံးတင် စစ်ဆေးခံရ
နေပြည်တော်ကောင်စီနယ်မြေ ဒက္ခိဏ သီရိမြို့နယ် ကုလားကြီးကုန်းကျေးရွာ က ဒေသခံတောင်သူ ၃၁ ဦးကို ကျူးကျော်နေထိုင်သူတွေ အဖြစ် စည်ပင်သာ ယာရေး ဥပဒေပုဒ်မ ၂၆ နဲ့ တရားစွဲ ဆိုထားပြီး တောင်သူ ၈ ဦးကို ဇမ္ဗူသီရိမြို့နယ် စည်ပင် သာယာရေးတရားရုံးမှာ ဒီနေ့ ရုံးတင်စစ်ဆေးခဲ့ပါတယ်။
-
2014-12-08 -
-
-
Your browser doesn’t support HTML5 audio
နေပြည်တော်ကောင်စီနယ်မြေ ဒက္ခိဏသီရိမြို့နယ် ကုလားကြီးကုန်းကျေးရွာက ဒေသခံတောင်သူ ၃၁ ဦးကို ကျူးကျော်နေထိုင်သူတွေအဖြစ် စည်ပင်သာယာရေး ဥပဒေပုဒ်မ ၂၆ နဲ့ တရားစွဲဆိုထားပြီး တောင်သူ ၈ ဦးကို ဇမ္ဗူသီရိမြို့နယ် စည်ပင်သာယာရေးတရားရုံးမှာ ဒီနေ့ ရုံးတင်စစ်ဆေးခဲ့ပါတယ်။
အဲ့ဒီ ၈ ဦးဟာ သစ်တောပိုင်မြေမှာ ကျူးကျော်နေထိုင် တယ်ဆိုပြီး သစ်တောဝန်ကြီးဌာနက တရားစွဲဆိုထောင် ချခဲ့တဲ့အတွက် ထောင်ကျခဲ့သူတွေဖြစ်ပါတယ်။ အခု တစ်ခါ နေပြည်တော်ကောင်စီနယ်မြေ ရဲ့ စီမံကိန်း ဧရိယာထဲကို ကျူးကျော်တယ်ဆိုပြီး နောက်တစ်ခါ တရားစွဲဆိုခံရ တာဖြစ်တယ်လို့ တရားစွဲခံရသူတွေ ထဲက တောင်သူ ဦး ဝင်းအောင်က ပြောပါတယ်။
"ကျနော်တို့ကို သစ်တောက ထောင်ချချင်လို့ နောက် တစ်ခါ စည်ပင်ကိုရောင်းစားတယ်ဆိုပြီး ပြီးခဲ့တဲ့ တစ်နှစ်ကျော်က ရောင်းစားပြီး အခုကျနော်တို့ကို စည်ပင်က တရားစွဲတာ၊ စည်ပင်ကတရားစွဲပြီးအခု ဒီတရားရုံးမှာ ကျနော်တို့ရုံးတက်နေရတာ၊ ကျနော် တို့ထောင်ကျထဲက လူ ၄၀/က နဲ့ တစ်ယောက်ပါသွားပြီ နယ်ခံထဲက၊ မထွက်တဲ့သူကတော့ ထောင်ကျတာပဲ၊ ထွက်တဲ့လူကတော့ ဝါးရုံပင်သစ်ပင်အောက်မှာ ကျနော်တို့ အချက်အလက်အထောက်အထားနဲ့ ပြနိုင်ပါတယ်၊ ကျနော်တို့နဲ့ အတူနေတဲ့နေရာမှာ အနောက်ဖက်မှာ ကျနော်နဲ့ စည်းရိုးပဲခြားတယ်၊ စည်းရိုးနဲ့ခြားပြီး တိုက်ကြီး၊ တာကြီးဆောက်တာကျတော့ ဘယ်ကောင်မှ တရားမစွဲဘူး၊ ကျနော်တို့ကိုပဲ အရင်ထောင်ကျပြီးသား သူတွေ နောက်ထပ်စွဲနေတာ"
အခုတရားစွဲခံရသူတွေဟာ ကုလားကြီးကုန်းကျေးရွာမှာ နှစ်ပေါင်း ၂၀ နီးပါး နေထိုင်ခဲ့ကြသူတွေဖြစ်ပြီး အဲ့ဒီအနီးတဝိုက် ကို နေပြည်တော်ကောင်စီရဲ့ အထူးစီမံကိန်းနယ်မြေ သတ်မှတ်ပြီးနောက် ပြောင်းရွှေ့ဖို့ ညွှန်ကြားချက်ထုတ်ခဲ့တာဖြစ် ပါတယ်။
RFA သတင်းထောက် ကိုကျော်သူရဲ့ သတင်းပေးပို့ချက်ကို နားဆင်နိုင်ပါတယ်။